အောက်တန်းအသင်းများထံ ကန်ဒေါ်လာ သန်း ၄၀၀ ရောက်ရှိရေး ဖီဖာပစ်မှတ်ထား

ဇူးရစ် − ဖီဖာ၏ ကစားသမားအပြောင်းအရွှေ့ပြုပြင်ပြောင်းလဲမှုများဖြင့် အောက်တန်းအသင်းများထံ ကန်ဒေါ်လာ သန်း ၄၀၀ အထိ ရောက်ရှိရေး ကမ္ဘာ့ဘော လုံးအဖွဲ့ချုပ် ဖီဖာက ပစ်မှတ်ထားနေသည်။

ယင်းမှာ ၎င်းတို့၏ ကစားသမားဟောင်းများအတွက် ပြောင်းရွှေ့ကြေးမှ ရပိုင်ခွင့်များကိုကလပ်အသင်းများ ရရှိနိုင်သည့် ပမာဏ ဟု ဖီဖာက ယုံကြည်သည်။

လက်ရှိအပြောင်းအရွှေ့ စည်းကမ်းများကို ၂၀၀၁ က စတင်ပြဋ္ဌာန်းခဲ့ချိန်ကစ၍ ကလပ်အသင်းများသည် ၎င်းတို့ပြုစုပျိုးထောင်ခဲ့သော ကစားသမားတစ် ဦး၏ဘဝတွင်ရရှိသော ပြောင်းရွှေ့ကြေး ထံမှ လေ့ကျင့်သင်ကြား ပေးမှု လျော်ကြေးနှင့် စည်းလုံးမှုစသော ငွေကြေးများ ရရှိနေသည်။

သို့သော် အလွန်ရှုပ်ထွေးပြီး ကရိကထများသော တွက်ချက်မှုများကို ကလပ်အသင်းအနည်း ငယ်ကသာ နားလည်သည်ဟု ဖီဖာက ဝန်ခံပြီး ကြားခံအဖွဲ့အစည်းတစ်ရပ်က ပြောင်းရွှေ့ကြေးမှ ငွေကြေးများကို ပိုမိုထိရောက်စွာ မျှဝေနိုင်မည်ဟု ပြောသည်။

ကလပ်အသင်းများသည် ကစားသမားများအတွက် ယမန်နှစ်က ကန်ဒေါ်လာ အမြောက်အမြားသုံးစွဲခဲ့သော ယင်းကစားသမားများကို ပြုစုပျိုးထောင်ခဲ့သော ကလပ်များ ရရှိသင့်သည့် ကန် ဒေါ်လာ အနည်းဆုံး သန်း ၃၅၀ ခန့်ကို မပေးခဲ့ဟု ဖီဖာ၏ သုတေသနပြုလေ့လာမှုက ဖော်ပြသည်။

—Ref:AP