တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် မြို့နယ်ပါတီကော်မတီဝင်များတွေ့ဆုံပွဲပြုလုပ်

 

နတ်တလင်း သြဂုတ် ၁၂

ပဲခူတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့ ရွာမရပ် ကွက် ရန်ကုန်-ပြည်လမ်းရှိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက တိုင်း ဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး(ဗဟိုကော်မတီဝင်)၊ တိုင်းကော်မတီဝင် ဦးသန်းဇော် ထွန်း၊ ဦးစိုးအောင်၊ ဒေါ်ထား ထားနု၊ ခရိုင်ပါတီကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊အတွင်းရေးမှူးဦးဇော် ဝေလင်း၊ ကော်မတီဝင်ဦးကျော် မင်းထွန်းတို့အဖွဲ့နှင့် မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင့်လွင်၊ အတွင်းရေးမှူး ဦးမြစိုး၊ အလုပ် အမှုဆောင်များ၊ မြို့နယ်အရန် ကော်မတီဝင်များနှင့်တွေ့ဆုံပွဲပြု လုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် တိုင်းဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦးက ပါတီ ဗဟို၏ညွှန်ကြားချက်များနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားခြင်း နှင့်ရှေ့လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ညီညွတ်စွာဖြင့်ပူးပေါင်းပြီး လုပ် ဆောင်သွားကြရန် ပြောကြားပြီး တိုင်းကော်မတီဝင် ဦးသန်းဇော်ထွန်း က ပါတီ၏ လုပ်ဆောင်မှုအခြေ အနေများ၊ ရပ်ကွက်ကျေးရွာများရှိ ပါတီဝင်များ၏ အခြေအနေများ၊ ပါတီအနေဖြင့် ပြည်သူများပူးပေါင်း ပါဝင်လာအောင် ပြည်သူများ၏ လိုအပ်ချက်များအား လေ့လာ သုံးသပ်ပြီး တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင့် လွင်က ပါတီစည်းရုံးရေးဆိုင်ရာ များ၊ မြို့နယ်အတွင်းဆောင်ရွက်နေ သည့်အခြေအနေများအား ရှင်းလင်း ပြောကြားပြီး တွေ့ဆုံပွဲကို ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြီးစီး သွားကြောင်း သိရသည်

တင်မြင့်(နတ်တလင်း)