ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ခံများတွေ့ဆုံဆွေးနွေး

 

ရန်ကုန် သြဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တာဝန်ခံများတွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပကြောင်း သိရ သည်။

အဆိုပါညှိနှိုင်းအစည်းအဝေး သို့ပါတီဗဟိုကော်မတီဝင် ရန်ကုန် တိုင်းဒေသကြီးပြည်ခိုင်ဖြိုး အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်း ဝင်း၊ပါတီဗဟိုကော်မတီဝင် တိုင်း ဒေသကြီးဘဏ္ဍာရေးမှူး ဒေါ်အေး မင်းမိုး၊ အရန်ဗဟိုကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံများတက် ရောက်ကြသည်။

အစီအစဉ်အရ ပါတီဗဟိုကော် မတီဝင်ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာတာဝန်ခံဒေါ်စန်း စန်းဝင်းနှင့်အရန်ဗဟိုကော်မတီဝင် ဒေါ်အေးအေးမြင့်တို့ကအမျိုးသမီး ရေးရာအဖွဲ့များမှဆောင်ရွက်လျက် ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုများ သင်တန်းဖွင့်လှစ် မှုများ အမျိုးသမီးဘဝမြင့်မားရေး လုပ်ငန်းများ၊ အမျိုးသမီးညီလာခံ ကျင်းပနိုင်ရေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အမျိုးသမီးထု၏ အရည်အသွေးမြင့်မားရေး ဆောင် ရွက်လျက်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်ခရိုင်နှင့်မြို့နယ်အမျိုး သမီးရေးရာတာဝန်ခံများကခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာလုပ်ငန်း လှုပ်ရှားဆောင်ရွက်မှုများနှင့် အိမ် တွင်းလက်မှုသင်တန်းများဖွင့်လှစ်နိုင် ရေးအတွက်တင်ပြဆွေးနွေးကြသည်။
ထို့နောက်ပါတီဗဟိုကော်မတီ ဝင် ရန်ကုန်တိုင်းဒေသကြီး အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်း ဝင်းကခရိုင်နှင့်မြို့နယ်တာဝန်ခံများ၏ တင်ပြမှုများကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီးညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)