ဧရာဝတီတိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မအူပင်သင်တန်းဖွင့်ပွဲတက်ရောက်

 

မအူပင် ဇူလိုင် ၂၅

ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံ ရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီ၌ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးမျိုးဆက်အားမာန်ခန်းမတွင်ကျင်းပ ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်ဧရာဝတီတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးÓဏ်လင်းနှင့် တိုင်းပါတီကော်မတီဝင်များ တက် ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲ၌ တက် ရောက်လာသူများက နိုင်ငံတော် အလံအလေးပြုခြင်း၊ နိုင်ငံတော် သီချင်းသီဆိုခြင်းဖြင့် အခမ်းအနား ဖွင့်လှစ်ခြင်း၊ ဧရာဝတီတိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးÓဏ် လင်းက သင်တန်းဖွင့်အမှာစကား ပြောကြားခြင်း၊ဧရာဝတီတိုင်းဒေသ ကြီးတိုင်းပါတီကော်မတီဝင်၊ မအူ ပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်းက အမှာစကားပြောကြားခြင်း၊ မအူပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစောသောင်းဒန်က သင်တန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားခြင်း၊ သင်တန်း ကြီးကြပ်မှုကော်မတီမှ သင်တန်း စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခြင်းများဆောင် ရွက်ခဲ့ပြီးသင်တန်းအားဆက်လက် ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်လှစ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဥာဏ်လင်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ မအူ ပင်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့်ခရိုင်ပါတီကော်မတီ ဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစောသောင်းဒန် နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ်အတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာအုပ်စုများမှ ရပ်/ကျေး ပါတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊ သင်တန်းသားသင်တန်းသူများတက် ရောက်ခဲ့ကြသည်။ အဆိုပါသင် တန်းကို ယနေ့မှ ယခုလ ၂၆ ရက် ထိနှစ် ရက်တာဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းသားများအတွက် ဝတ်စုံ ၁ဝဝ အား ရွှေကျင်ကျောက် တိုင် လုပ်ငန်းပိုင်ရှင် ဦးဝင်းနိုင်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)