ဒုတိယအကြိမ်ပါတီညီလာခံကချမှတ်သော ရှေ့လုပ်ငန်းစဉ်များရှင်းလင်း

ဒုတိယအကြိမ် ပါတီညီလာခံ ကချမှတ်သော ရှေ့လုပ်ငန်းစဉ် များ ထပ်ဆင့်ရှင်းလင်းပွဲအခမ်း အနားကို မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ တွင် ယမန်နေ့ မွန်းလဲ ၃နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် ပါတီကော်မတီဝင်ဒေါ်နှင်းအိအိခင် (ဘဏ္ဍာရေးမှူး)က အခမ်းအနား မှူးအဖြစ်ဆောင်ရွက်ပြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါ တီဥက္ကဋ္ဌ ဦးဝင်းလှိုင်က ဒုတိယအ ကြိမ် ပါတီညီလာခံကချမှတ်သော ရှေ့လုပ်ငန်းစဉ်များကို ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းအခမ်းအနားသို့ မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါ တီကော်မတီဝင်များ၊ ရပ်ကွက် ပါတီခေါင်းဆောင်များ၊ ဒုခေါင်း ဆောင်များ၊ ပါတီကော်မတီဝင်များ စုစုပေါင်းအင်အား ၁ဝဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)


Leave a Reply