ပြည်နယ်ပါတီကော်မတီဝင်နှင့် တာချီလိတ်ခရိုင်/မြို့နယ်ကော်မတီဝင်များ ကျိုင်းလပ်သို့ ကွင်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်နယ်ပါတီကော်မတီဝင်၊ တာချီလိတ်တာဝန်ခံ ဒေါ်တင်မေထွန်းသည် ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးချမ်းမြ၊ ခရိုင် ပါတီ ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ် ပါတီကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးအောင်ထန်၊ မြို့နယ်(အရံ)ကော်မတီ ၀င် ဦးဘိုဘိုမောင်တို့သည် သြဂုတ် (၃) ရက် နံနက် (၇) နာရီခွဲအချိန်တွင် ကျိုင်းလပ်မြို့နယ်သို့ ကွင်းဆင်းသွားရောက်ခဲ့ပါသည်။

မိုင်းကိုးအုပ်စုတွင် ရှမ်းအဖွဲ့စည်းရုံးရေးမှူး ဦးနန္ဒနှင့် တွေ့ဆုံပြီး စည်းရုံးရေး အဖွဲ့မှ ၀မ်မုံရွာနေ မနန်းတစ် (၁၀) တန်းကျောင်းသူအတွက် ဘော်ဒါဆောင်ခ ကို ပါတီမှ တစ်နှစ်စာ တာဝန်ယူ ကူညီနေခဲ့ရာ (၇)လပိုင်းအတွက် (၁၅၀၀)ဘတ်ကို ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်းမှ လှူဒါန်းမှု ပြုလုပ် ခဲ့ပါသည်။

ဆက်လက်၍ ကျိုင်းလပ်သို့ထွက်ခွာလာပြီး ပါတီ၏ အကူအညီတောင်းခံမှုဖြင့် ဦးထွန်းနေဦးမှ ပြန်လည် ပြင်ဆင်ဆောက်လုပ်ခဲ့သော ကော်မိုင်ဟုန်း မူလွန်ကျောင်းအခြေအနေကို ကြည့်ရှု့ပြီး ကျပါးရွာပါတီ ခေါင်းဆောင် ဦးကျရှီးဘို၊ ဒေါ်စတယ်လာတို့နှင့်တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။

နံနက်(၁၀း၁၅)တွင် ကျိုင်းလပ်မြို့နယ် ၀မ်ကျင်းဘုန်းတော်ကြီးကျောင်းတွင် ၀မ်ကျင်းအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူ(၅၀)ကျော်နှင့်တွေ့ဆုံပြီး ဘာသာရေးအခက်အခဲများ ညှိနှိုင်းခြင်း၊ သက်ဆိုင်သည့် ဆရာတော် ထံ ဦးခိုက်တွေ့ဆုံလျှောက်ထားခြင်းများ ဆောင်ရွက်ခဲ့ ညနေ(၄)နာရီတွင် တာချီလိတ်သို့ ပြန်လည်ရောက်ရှိ ကြောင်းသတင်းရရှိသည်။

Credit – Myo Thant


Leave a Reply