ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီက အထကကျောင်း ဆရာနှင့်ကျောင်းသားများအတွက် နှာခေါင်းစည်းများလှူဒါန်း

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၏ စီစဉ်ပေးမှုဖြင့် မြို့နယ် ပါတီကော်မတီဝင်များသည်ယမန် နေ့ နံနက် ၁၁ နာရီက ပျဉ်ပုံကြီးကျေးရွာ အခြေခံပညာအထက် တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် နှာခေါင်း စည်းများလှူဒါန်းခဲ့ကြောင်း သိရ သည်။

လှူဒါန်းပြုလုပ်ရာတွင် ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမင်းခန့်ကျော်နှင့် မြို့နယ် ပါတီကော်မတီဝင် များက ပျဉ်ပုံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ် လက်ခံနေသည့် ဆရာဆရာမများ နှင့် ကျောင်းသားများ  COVID-19 ရောဂါကာကွယ်ရေးအထောက် အကူပြုနိုင်ရန်အတွက်Surgical Mask အခု ၁ဝဝ နှင့် အဝတ် နှာခေါင်းစည်း Mask  အခု ၂ဝဝ  တို့အား သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။