ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်

ထီးချိုင့်၊ ဇူလိုင် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့၌ ကျင်းပရာ ရှေးဦးစွာ မင်္ဂလာအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလံသစ်အား လွှင့်တင်ပြီး နိုင်ငံတော်အလံကို အလေးပြုကြသည်။

ဆက်လက်၍ အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို အဆိုပါရုံးရှေ့ လျောင်းတော်မူဓမ္မာရုံတွင် ကျင်းပရာ နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး၊ ထီးချိုင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်က ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ပါတီဝင်အဆိုပြုလွှာများနှင့် ပါတီဝင်ကြေးများ ပေးအပ်ရာ ထီးချိုင့်မြို့နယ်အတွင်း ကျေးရွာ ၁၉ ရွာ တို့မှ ပါတီဝင် အဆိုပြုလွှာ ၅၁၅ စောင်ကို မြို့နယ်အမှုဆောင်ကော်မတီ ဦးဇော်ခိုင်က ပေးအပ်ရာ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးစိန်ကြိုင်မှ လက်ခံရယူပြီး ပါတီဝင်ကြေးများကို မြို့နယ်အရန်အမှုဆောင်ကော်မတီဝင် ဦးတင်ဝင်းက ပေးအပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအလုပ် အမှုဆောင်ကော်မတီဝင် (ကသာခရိုင်တာဝန်ခံ) ဦးအောင်ကိုစံက လက်ခံရယူသည်။

ထို့နောက် ပါတီဝင်သစ်များအား ရင်ထိုးတံဆိပ်များကို တာဝန်ရှိသူများက တစ်ဦးချင်းထိုးနှံပေးကြသည်။ အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းအဆင့်အလုပ်အမှုဆောင်ကော်မတီဝင် (ကသာခရိုင် တာဝန်ခံ) ဦးအောင်ကိုစံ၊ ဒေါ်သိင်္ဂီဝင်းရွှေ၊ ဒေါ်ယဉ်မာဝင်း၊ ကသာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထွန်းအောင် ဝင်းနှင့် အတွင်းရေးမှူး ဦးမင်းဇော်မြင့်၊ ခရိုင်ကော်မတီဝင်များ၊ ထီးချိုင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်နှင့် အမှုဆောင်ကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပါတီဥက္ကဋ္ဌနှင့် အမှုဆောင်ပါတီဝင်များ အင်အား ၃၅ဝ ခန့် တက်ရောက်ကြောင်း သိရသည်။