မရမ်းကုန်းပြည်ခိုင်ဖြိုးပါတီ ခြင်အန္တရာယ်ကင်းဝေးရေး ခြင်းဆေးဖြန်းခြင်း ဆောင်ရွက်

13649573_1643811379279023_858414412_n

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးစေရန် ခြင်အန္တရာယ်ကာကွယ်ရေးအတွက် အမှတ် (၉)ရပ်ကွက်၊ မြစပါယ်လမ်းတွင်းရှိ အိမ်များ၊ လမ်းသွယ်များ၊ ရေမြောင်းများတွင် ခြင်ဆေး မှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဇူလိုင်လ (၁၀) ရက် နံနက် (၈) နာရီအချိန်မှ စ၍ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်မင်းဦး၊ ရပ်ကွက် တာဝန်ခံ မြို့နယ်ပါတီကော်မတီဝင် ဦးလွင်မောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးသီဟ၊ ရပ်ကွက် စည်းရုံးရေးမှူး ဦးညွှန့်ရွှေနှင့် အဖွဲ့ဝင်များ၊ ပါတီဝင်များ၊ လမ်းသူလမ်းသားများနှင့် အတူ ကူညီဆောင်ရွက်ခဲ့ကြသည်။

LM


Leave a Reply