မန်စီမြို့၌ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌ ခန့်အပ် တာဝန်ပေးအပ်ပွဲနှင့်ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

 

ကချင်ပြည်နယ် မန်စီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကွက်/ ကျေးရွာအုပ်စုပါတီကော်မတီ ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးအပ်ပွဲနှင့် ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့သည်။

အခမ်းအနားသို့ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်း ရေးမှူး ဒေါ်ဝိုင်းနှင့်ဘဏ္ဍာရေးမှူး ဦးကျော်စွာဝင်း၊ မန်စီမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးထွန်းကြိုင်၊ အတွင်းရေး မှူးဦးကွမ်ဆန်းနှင့်ကော်မတီဝင် များ၊ ရပ်ကျေးပါတီကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုစုပေါင်း ၈ဝ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မန်စီမြို့နယ်ပါတီ ဥက္ကဋ္ဌက ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌတာဝန်ပေးအပ် ခြင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး က ပါတီနှစ်စဉ်ကြေးပေးအပ်ခြင်း နှင့်ပတ်သက်၍ အသီးသီးရှင်းလင်း ပြောကြားခဲ့ကြပြီး ရပ်ကွက်ကျေး ရွာပါတီကော်မတီဥက္ကဋ္ဌ ခန့်အပ် လွှာများပေးအပ်ခဲ့ကြရာ ရပ်ကွက် ကျေးရွာပါတီဥက္ကဋ္ဌများက အသီး သီး လက်ခံယူခဲ့ကြသည်။

ဆက်လက်၍ ရပ်ကွက်/ကျေး ရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌ များက ပါတီနှစ်စဉ်ကြေးများ ပေးအပ်ခဲ့ကြရာ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လက်ခံရယူခဲ့ကြပြီး နံနက် ၁ဝနာရီ ၄၅ မိနစ်တွင် အခမ်းအနား ရုပ် သိမ်းခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ