အာဂျင်တီးနားနည်းပြ မာတီနို ရာထူးမှနုတ်ထွက်

Argentina-coach-Martino-Reuters

အာဂျင်တီးနားအသင်းကနေ နည်းပြ မာတီနို နုတ်ထွက်သွားပါတယ်။ အသက် ၅၃ နှစ်အရွယ် နည်းပြဟာ အာဂျင်တီးနားက ချီလီကိုရှုံးတဲ့ ကိုပါအမေရိကားဖလား ဗိုလ်လုပွဲအပြီးမှာ နုတ်ထွက်သွားတာပါ။

နည်းပြ မာတီနိုကတော့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အားနည်းတာကြောင့် နုတ်ထွက်တာဖြစ်တယ်လို့ ပြောပါတယ်။

နည်းပြ မာတီနိုဟာ အာဂျင်တီးနားအသင်းကို ၂၀၁၄ မှာ တာဝန်ယူ ကိုင်တွယ်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့လက ကိုပါဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဒုတိယအကြိမ်အဖြစ် ချီလီကိုရှုံးပြီး ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒီအရှုံးကြောင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီလည်း လက်ရွေးစင်အသင်းကနေ အနားယူကြောင်း ကြေညာခဲ့ ပါတယ်။

(ရိုက်တာ)


Leave a Reply