မိုင်းဆတ်ခရိုင် ရဲဝန်ဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်အားပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသော မိုင်းဆတ်ခရိုင် ရဲတပ်ဖွဲ့ ၀န်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ဇူလိုင်လ (၄) ရက် နံနက် (၉) နာရီ (၃၀) မိနစ် အချိန်က မိုင်းဆတ်မြို့ မြို့တော်ခမ်းမတွင်ကျင်းပရာအခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွန်းဝေနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

13528901_1190538874319260_2805363637328979784_n

အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့ ရဲမှူးဝဏ္ဏဇော်မှ ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားအား နေ့လည် (၁၁) နာရီ (၃၀) မိနစ်အချိန်တွင်အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မှတ်တမ်းသတင်းဓါတ်ပုံ။‪#‎AimoeAimoe‬
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတင်းစုံ


Leave a Reply