မိုင်းဆတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ခရိုင် မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၅) ရက် နံနက် (၉) နာရီအချိန်က မိုင်းဆတ်မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ပြည်နယ်ပါတီ အလုပ်အမှုဆောင် ဦးရှာမွေလရှန်၊ ဦးစိုင်းလုံတို့ တက်ရောက်ခဲ့ကြသည်။

13615018_1190647920975022_71785592512934390_n 13603808_1190647850975029_3643961859593379815_o

အခမ်းအနားတွင် မိုင်းဆတ်မြို့နယ်နှင့် ခရိုင်ပါတီကော်မတီအား ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့ရာ မိုင်းဆတ်မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးဒါဝိဒ်၊ မြို့နယ်ပါတီ အတွင်းရေးမှူးအဖြစ် ဦးမိုးဇော်ဦး၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နာဘိုရှိး၊ မိုင်းဆတ်ခရိုင်ပါတီဥက္ကဋ္ဌအဖြစ် ဦးစိုင်းခတ္တိယ၊ ခရိုင်ပါတီအတွင်းရေးမှူး အဖြစ် ဦးမင်းဇော်အောင်၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းရှဲဖား တို့နှင့် မြို့နယ်ကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များအား အသီးသီး ရွေးချယ် တာဝန်ပေးအပ်ခဲ့ပြီး အခမ်းအနားအား နေ့လည် (၁၁) နာရီအချိန်တွင် ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းဓါတ်ပုံ#ZarChemaung

ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတင်းစုံ


Leave a Reply