သမိုင်းသည် အလိုအလျောက် တစ်ပတ်ပြန်လည်တတ်သည်ဟု ဆိုကြသည် မြန်မာတို့အဖို့ တစ်ကျော့ ပြန်မလာသင့်သော သမိုင်းဆိုးကို တားသင့်ပေသည်

13239450_599225710246944_1313831379005563276_n

‘ညီညွတ်ခြင်းသည်အင်အား’
‘ညီညာမှပြည်သာမည်’
‘အရေးကြီးလျှင်သွေးစည်းမည်’
ညီညွတ်ခြင်းဖြင့် မြန်မာတို့လွတ်လပ်ရေးပြန် ရခဲ့သည်မှာ ငြင်း၍မရနိုင်ပေ။ ညီညွတ်ခြင်းပြိုကွဲ ကာသူတစ်လူငါတစ်မင်း၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်း ဂဏအုပ်စုစွဲ၊ ကျဉ်းမြောင်းသောလူမျိုးစွဲ၊ ပါတီစွဲ၊ ပြည်ပစွဲတို့ဝင်သည်နှင့် တိုင်းဆူပြည်ပျက်ဖြစ်ရ ပေသည်။ ယင်းအစွဲတို့တွင်သွေးခွဲပယောဂနှင့် အာဏာငန်းဖမ်းသောအစွဲပယောဂဝင်လာလျှင် ပြည်တွင်းစစ် မီးဟုန်းဟုန်းတောက်ရလေတော့ သည်။
မြန်မာ့ခေတ်သစ်နိုင်ငံရေးသမိုင်းကိုကောက် ချက်ချလိုလျှင် အထက်ဖော်ပြပါစာပိုဒ်အတိုင်း သာကောက်ယူနိုင်ပေသည်။ အင်္ဂလိပ်နယ်ချဲ့တို့ မြန်မာနိုင်ငံကိုကျူးကျော်တိုက်ခိုက်နယ်ချဲ့သော စစ်ပွဲသုံးကြိမ်စလုံး(၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ခုနှစ် များ) တွင် တောင်ပေါ်၊ မြေပြန့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း၊’ဝ’၊ လားဟူ စသည့်တိုင်းရင်းသားမျိုးချစ်များသည် မည်သည့်တစ်စုံတစ်ယောက်၊ တစ်ပါတီတစ်ဖွဲ့တို့ ၏ စည်းရုံး၊ တိုက်တွန်းမှုမှမပါဘဲ မိမိတို့ရင်တွင်း ဖြစ်အသိ (မျိုးချစ်၊ ပြည်ချစ်၊ တိုင်းခြားသားကျွန် မခံလိုစိတ်ထား)ကို အလိုအလျောက် တူညီခံယူ ပြီး ရရာလက်နက်စွဲကိုင်ကာ နယ်ချဲ့အင်္ဂလိပ်တို့ကို သမိုင်းပြောင်စွာတိုက်ခိုက်ခဲ့ကြပေသည်။
နယ်ချဲ့အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ခဲ့သော တိုင်းရင်းသားမြန်မာမျိုးချစ်များ၏ အမည်စာရင်း ကိုဖော်ပြရလျှင်ပင် ပုဂ္ဂိုလ် ၁၃ဝခန့်အမည်များ ဖော်ပြနေရပေတော့မည်။ တိုင်းရင်းသားစုံမျိုးချစ် တော်လှန်ရေးသမားများ နယ်ချဲ့ကိုတိုက်ခိုက်ခဲ့ကြ သည်ဆိုသည်ကို သရုပ်ပေါ်ရုံမျှအာဇာနည်တို့၏ နာမည်အချို့ကို အောက်တွင်ဖော်ပြလိုက်ပါသည်။
ကချင်အာဇာနည်များ
ဖုန်ကန်ဒူဝါ၊ ဆဒုံဒူဝါ၊ ဆမားဒူဝါခွန်ဆိုင်း လီ၊ ကရာဒူဝါ၊ တုန်ဟုန်းဒူဝါ၊ မြို့အုပ်ဗိုလ်ဖိုးစော၊ စောရန်ပိုင် (ကချင်၊ ရှမ်း၊ မန္တလေးဒေသတို့၌ လှည့်လည်တိုက်ခိုက်သည်။) စောခမ်းလှိုင်(မိုးလှိုင် စော်ဘွား)၊ ဗိုလ်ဖိုးစော။
ကယားအာဇာနည်များ
စောလဖော် (အရှေ့ကယားပြည်နယ်စော်ဘွား ကြီး)
ကရင်အာဇာနည်များ
မန်းကျားကြီး၊ ဗိုလ်လန်၊ ဖူးကံကလေး
ချင်းအာဇာနည်များ
ကြွန့်ဘိစ်(ဗိုလ်ဆွန်ပက်)၊ ဗိုလ်ဒိုးစံ၊ ဗိုလ်ချိန်၊ ဦးခက်(ကလေးစော်ဘွား)၊ ဗိုလ်မှတ်ကြီး၊ ဦးတွမ် ထောင်၊ ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကိုင်တွာ
မွန်အာဇာနည်
ဗိုလ်မြတ်ထွန်း
ရခိုင်အာဇာနည်များ
ဗိုလ်အောင်ကျော်ရွှီ၊ ဦးအောင်ကျော်ဇံ၊ ဗိုလ် ရွှေပန်း၊ ဗိုလ်သာဦး၊ ဗိုလ်တော၊ ဦးကျော်ဇံလှ၊ ဗိုလ်မောင်ပိုင်

ရှမ်းအာဇာနည်များ
မိုးနဲစော်ဘွားစောခွန်ကြည်၊ ရပ်စောက် စော်ဘွားစောဝိုင်း၊ မိုင်းပွန်စော်ဘွားစောခွန်တီ၊ ကျိုင်းတုံစော်ဘွားစောခမ်းဖု၊ မိုင်းနောင်စော်ဘွား၊ မောက်မယ်စော်ဘွား၊ ဝန်းသိုစော်ဘွားဦးအောင် မြတ်၊ မိုးမိတ်စော်ဘွားဦးကံလှိုင်၊ ဟိန်ဗိုလ်မောင် (မိုးမိတ်)၊စော်ဘွားနော်ဖ(သီပေါ၊ သိန္နီ)၊ စော်ဘွား နော်မောင်(သီပေါ၊ သိန္နီ)၊ ညောင်ရွှေစော်ဘွား၊ စောကောင်ခမ်းဖူး(ကျိုင်းတုံ)၊မရမ်းချောင်းဘုန်းကြီး
‘ဝ’အာဇာနည်များ
စော်ဘွားစောမဟာ၊ နော်ခမ်းဦး
မြေပြန့်(ဗမာ)အာဇာနည်များ
မြင်စိုင်းမင်းသား၊ ဘုရင်ခံမင်းသားဦးဘ၊ လင်းပင်မင်းသား၊ စောရန်ပိုင်နှင့် စောရန်နိုင်၊ ထိပ်တင်မှတ်နှင့်ထိပ်တင်သိန်း၊ စကြာမင်းသား၊ ကြည့်မြင်တိုင်မင်းသား၊ ရွှေချိုးဖြူမင်းသား၊ ရွှေ ခင်ညိုမင်းသား၊ ဗိုလ်မင်းရောင်(ဗိုလ်ချုပ်အောင် ဆန်းအဘိုး)၊ သင်္ခရာဇာ၊ ဗုဒ္ဓရာဇာ၊ သီဟရာဇာ၊ ဗိုလ်ရိုင်း၊ ဗိုလ်ချို၊ဗိုလ်ရာညွန့်၊ ဗိုလ်ဥတ္တမ၊ ဗိုလ်ရွဲ၊ ရွှေလှံဗိုလ်ဦးပေါင်း၊ ဗိုလ်တုတ်ကျော်၊ ဗိုလ်စံဖဲ၊ တောင်ညိုမင်းသား၊ ဗိုလ်ထီး၊ ဗိုလ်ရန်ကြီးအောင်၊ ပခန်းမင်းသား စသူတို့ရာနှင့်ချီ၍ရှိခဲ့ပေသည်။
မြန်မာမျိုးချစ်တော်လှန်ရေးသမားများဦးဆောင် သော မြန်မာတော်လှန်ရေးတပ်များက အင်္ဂလိပ် တပ်များမှ တပ်ဗိုလ်၊ တပ်သားများစွာကိုချေမှုန်း နိုင်ခဲ့သည်။ မြန်မာ့သတ္တိအင်္ဂလိပ်တို့သိကြ၊ ဖြုံကြ၊ တုန်ကြသဖြင့် ဤမျှညီညွတ်သောနယ်ချဲ့ဆန့်ကျင် ရေးသမားမြန်မာတိုင်းရင်းသားများကို သွေးခွဲရန် အင်္ဂလိပ်တို့အကြံကြီးကြံခဲ့သည်။ နိုင်ငံရေးနိုးကြား ပြီး စည်းရုံးရှေ့ဆောင်နိုင်သောမြေပြန့်ဗမာများ တောင်ပေါ်တိုင်းရင်းဒေသသို့မလာရန် ခြေချုပ် ဥပဒေပြုပြီး တိုင်းရင်းသားဒေသတစ်ခုလျှင်အုပ် ချုပ်သူတစ်ဦး အုပ်ချုပ်သည့်နည်းလမ်းတစ်မျိုးဖြင့် တိုင်းရင်းသားတစ်မျိုးနှင့်တစ်မျိုးမထိတွေ့နိုင်စေ ရန်၊ မဆက်ဆံမိစေရန် အုပ်ချုပ်ရေးဗျူရိုကရေစီ ဖြင့် ကန့်သတ်ထားခဲ့သည်။ နယ်ချဲ့သမားများနှင့် ပါလာသောသာသနာပြုများက ဒေသခံများထဲမှ ရသရွေ့သိမ်းသွင်းကာ ယင်းတို့၏ဘာသာသို့ကူး ပြောင်းဝင်ရောက်ရန် ဆွဲဆောင်သည်။ မြန်မာ အချင်းချင်းလူမျိုးကွဲမှု၊ ဘာသာကွဲမှု၊ ပထဝီ အနေ အထားကွာခြားမှု၊ ပညာတတ်နှင့်ပညာမတတ် ကွဲပြားမှု၊ ရာထူးရှိနှင့်ရာထူးမဲ့ခြားနားမှုတို့ကအစ သွေးခွဲပေးသည်။မြန်မာလူမျိုးအချင်းချင်း သွေးကွဲ အောင်သွေးခွဲအုပ်ချုပ်ရေးမူဝါဒ (DIVIDE AND RULe RULE POLICY)ချမှတ်ကာ ကျကျ နနသွေးခွဲသည်။ အနိမ့်ဆုံးအားဖြင့် တိုင်းရင်းသား မြန်မာအချင်းချင်းယုံထင်ကြောင်ထင်၊ သံသယ ဝင်စေသည်။ အထူးသဖြင့်နိုင်ငံရေး နိုးကြားဦး ဆောင်မှုပေးပြီး လူဦးရေအများဆုံးသော ဗမာနှင့် အခြားတိုင်းရင်းသားများကို သွေးခွဲပေးသည်။ရန်တိုက်ပေးသည်။

နယ်ချဲ့တို့သည် ၁၈၈၅ ခုနှစ် နိုဝင်ဘာနှောင်း ပိုင်းတွင် မန္တလေး ရတနာပုံနေပြည်တော်ကိုသိမ်း ပြီး အင်္ဂလိပ်နယ်ချဲ့တို့က စစ်ဦးပေါ်လစီကို၁၈၈၅ မှ ၁၈၉ဝ အထိ အထူးချမှတ်ကျင့်သုံးခဲ့သည်။ယင်းပေါ်လစီ (မူဝါဒ)ဗျူဟာသုံးရပ်မှာ-
( က ) မြန်မာဘုရင်ကိုပြည်နှင်ဒဏ်ခတ်ရန်၊
( ခ ) မြန်မာတစ်နိုင်ငံလုံးက အင်္ဂလိပ်တို့အား လုံးဝရိုသေပျပ်ဝပ်ကျိုးနွံစေရန်၊
( ဂ ) ဘုရင်ရော လူမျိုးပါပျက်သုဉ်းစေရန်
တို့ဖြစ်သည်။
ယင်းမူဝါဒအတိုင်း သီပေါဘုရင်ကဦးဆောင် ၍ဖြစ်စေ၊ လူထုကသီပေါကို မဏ္ဍိုင်ပြု၍ဖြစ်စေ ပုန်ကန်မလာနိုင်ရန် သီပေါကို အိန္ဒိယနိုင်ငံ အနောက်ဘက်စွန်းဒေသ(ရတနာဂီရိ)သို့ ပြည်နှင် ဒဏ်ပေးခဲ့သည်။လွတ်ရက်မရှိသော ရာသက်ပန် ပြည်နှင်ဒဏ်ဖြစ်သည်။မြန်မာအားလုံးက အင်္ဂလိပ်တို့အား သခင်ကြီးခေါ် ဘုရားထူးစေ ခဲ့သည်။ မြန်မာအချင်းချင်းသွေးကွဲကာ အချင်းချင်းသတ် ကြဖြတ်ကြနှင့် လူမျိုးရော၊ တိုင်းပြည်ပါပျောက် သွားစေရန်အနောက်နယ်ချဲ့အုပ်စုက ယနေ့တိုင် အကွက်ချ လုပ်နေကြဆဲဖြစ်သည်။ မင်းတုန်းမင်း၊ သီပေါမင်းလက်ထက် လန်ဒန်ထုတ်ဒေလီးမေးလ် သတင်းစာ၊ လန်ဒန်ဆန်းဒန်းတိုင်းသတင်းစာ၊ လန်ဒန်ဂေဇက်သတင်းစာနှင့် အမေရိကန်မှ နယူး ယောက်တိုင်းသတင်းစာတို့က မီဒီယာလက်နက် သုံးကာ မမှန်သတင်း၊ ကောလာဟလသတင်း များနှင့်မှိုင်းတိုက်ကာ မြန်မာနိုင်ငံကို အင်္ဂလိပ်က အပြီးဝင်တိုက်ရန် တိုက်တွန်းနှပ်ကြောင်းပေး သတင်းများဖြင့် ထိုးနှက်ခြေရှုပ်ခဲ့သည်။ ယနေ့ ထိုသီပေါခေတ် နယ်ချဲ့သတင်းစာမီဒီယာတို့၏ သား၊ မြေး၊ မြစ် မျိုးဆက်သစ်တို့က မြန်မာနိုင်ငံ တွင်ယင်းပြည်ဖျက် အမွေကိုဆက်ခံလုပ်ဆောင်နေ ကြသည်ကို တွေ့နေရပေသည်။
၁၈၈၆ ခုနှစ်တွင် လန်ဒန်မြို့၌ ထုတ်ဝေသော လန်ဒန်တိုင်းမ်သတင်းစာတွင် အင်္ဂလိပ်တို့က မြန်မာမျိုးချစ်များအား တရားနည်းလမ်းကျနစွာ မစစ်ဆေးဘဲ ရက်ရက်စက်စက်သတ်ဖြတ်နေပုံ များကိုမူ အမြင်မတော်လွန်း၍ အောက်ပါအတိုင်း ရေးသားဝေဖန်ခဲ့သည်။

တကသိုလ်မြတ်သူ

The Union Daily


Leave a Reply