မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပိုစတာ ပြိုင်ပွဲကျင်းပမည်

(၂၀၁၆) ခုနှစ် ဇွန် (၂၆)ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပိုစတာပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(၁၉)ကြိမ်မြောက်ပြုလုပ်သည့် အဆိုပါ ကွန်ပျူတာပိုစတာပြိုင်ပွဲအား ယခင်နှစ်များနှင့်မတူဘဲ နည်းပညာနှင့် ဖန်တီးမှု အရည်အသွေးများကိုကြည့်ပြီး ရွေးချယ်စိစစ်သွားမည်ဖြစ်ကြောင်း ရွေးချယ်ပုံနှင့်ပတ်သက်၍ MCF ဒိုင်အဖွဲ့ဝင်ဖြစ် သည့် ဦးရဲကျော်သိန်းက ပြောသည်။

ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကို ပိုမိုသိရှိစေရန် ယခုကဲ့သို့ ပြိုင်ပွဲ များကို နှစ်စဉ်ကျင်းပရခြင်းဖြစ်ပြီး ယခုပြိုင်ပွဲသည် အရည်အသွေးကောင်းမွန်ပြီး ဖန်တီးနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း
ရှိသည့် အရည်အချင်းပြည့်မီသော ကွန်ပျူတာပိုစတာပြိုင်ပွဲဖြစ်ကြောင်း MCF ဒိုင်အဖွဲ့ဝင် ရဲမှူး ညီညီလင်းက ပြောသည်။

ကွန်ပျူတာပိုစတာပြိုင်ပွဲဝင်သူများအနေဖြင့် မိမိတို့ပေးပို့ပြိုင်ပွဲဝင်သည့်ပုံမှာ ပန်းချီပုံ၊ ကာတွန်း သရုပ်ဖော်ပုံမဟုတ်ဘဲ ကွန်ပျူတာပိုစတာပြိင်ပွဲဖြစ်ကြောင်း သိရှိဖို့လည်းလိုအပ်ကြောင်း MCF ဒိုင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပန်းချီ တင်မောင်ဝင်း (ပြည်) ကပြောသည်။

နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကာတွန်း၊ ပန်းချီ၊ ကဗျာ၊ ဓါတ်ပုံ၊ ဆောင်းပါး၊ ၀တ္ထုတိုနှင့် ကွန်ပျူတာပိုစတာပြိုင်ပွဲများကို ကျင်းပ ပေးခဲ့ကြောင်း သိရသည်။

နှစ်စဉ် ဇွန်(၂၆)ရက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီး၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပညာပေးလုပ်ငန်းများ၊ ပြိုင်ပွဲများပြုလုပ်ကြကြောင်း သိရသည်။

Central News Bureau


Leave a Reply