ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DIPD) အဖွဲ့အား တွေ့ဆုံ

_DSC6042

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ မေလ (၁၁) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်တွင် ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DIPD) မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် ဒေါ်ခင်သဇင်မြင့်ပါ (၂) ဦးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမဆောင်တွင် တွေ့ဆုံကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသော ဦးပိုက်ထွေး၊ ဒေါက်တာကျော်ကျော်ဌေး၊ ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ တို့နှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ ပြည်ခိုင်ဖြိုးပါတီသည် ပြည်ခိုင်ဖြိုးအသင်းအား အခြေပြု၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ၂ဝဝ၈ ခုနှစ် တပ်မတော်မှ နိုင်ငံတော်တာဝန်အား လွှဲပြောင်း ယူခဲ့ပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းအား ကျင့်သုံးနိုင်ရန် အခြေခံများ တည်ဆောက်သည့်ကာလမှ စ၍ အသင်းအနေဖြင့် ပါတီစုံဒီမိုကရေစီကျင့်စဉ်ကို လိုလားသောပါတီများ၊ အသင်းအဖွဲ့များ၊ ပြည်သူ များနှင့် လက်တွဲ၍ ပါတီစုံဒီမိုကရေစီကျင့်စဉ်အား ကျင့်သုံးနိုင်ရေးအတွက် အစဉ်တစိုက် ပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁ဝ ခုနှစ် ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးသည့်အချိန်တွင်လည်း ပါတီစုံ ဒီမိုကရေစီကျင့်စဉ် ရှင်သန်ခိုင်မာရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြပါကြောင်း ပါတီစုံဒီမိုကရေစီ ကျင့်စဉ်သည် မိမိတို့လိုလားသော ယုံကြည်လက်ခံသော ကျင့်စဉ်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ရည်မှန်းချက်တူသည့် ပါတီအဖွဲ့အစည်းများနှင့် ကျရာဏ္ဍမှ ပူးပေါင်း ပါဝင် ဆောင်ရွက်သွားလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

၎င်းနောက် ဒိန်းမတ်အင်စတီကျူ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဒေါ်ခင်သဇင်မြင့်တို့က ပါတီစုံ ဒီမိုကရေစီကျင့်စဉ် ကျင့်သုံးရာတွင် အထောက်အကူဖြစ်စေရန် ကူညီဆောင်ရွက်မည့် လုပ်ငန်းစဉ် များအား ရှင်းလင်းဆွေးနွေးပြီး လုပ်ဆောင်မှုများအား ကြိုဆိုပါကြောင်း၊ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ရေးအတွက် လုပ်ဆောင်မည့်အချိန်တွင် ကြိုတင်အသိပေးပါရန် စသည်တို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

အေးကိုကို


Leave a Reply