ရှန်ဟိုင်းမြို့ လေဆိပ်တစ်ခုမှာ မီးလောင်မှုဖြစ်ပြီး ၂ ဦး သေဆုံး

2016-04-29-092505

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Hongqiao လေဆိပ် မြေအောက်ထပ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးပြီး သုံးဦး  ဒဏ်ရာရရှိခဲကြောင်း People’s Daily သတင်းက ပြောပါတယ်။

လေဆိပ်ရှိ အဆောက်အအုံ မြေအောက်ထပ်မှာ ပြင်ဆင်မှုပြုလုပ်စဉ် ယနေ့ (ဧပြီ ၂၉ ရက်) ဒေသစံတော်ချိန် နံနက် ၇ နာရီမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း People’s Daily ရဲ့ တရားဝင် ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြပါတယ်။

မီးလောင်မှု ဖြစ်ပွားခဲ့ပေမဲ့ လေဆိပ်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေ ပုံမှန်အတိုင်းဖြစ်ကြောင်း လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။

Source & Photo: Reuters


Leave a Reply