ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်းနှင့် ပြည်ခရိုင် မီဒီယာတာဝန်ခံ ဦးအောင်ဇော်အေးတို့အဖွဲ့သည် နိုဝင်ဘာ (၂၈) ရက် နံနက် (၉) နာရီက ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ပြည်မြို့နယ် ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဝင်များ စိစစ်ခြင်းပြီးစီးမှုရှိမရှိ၊ ရေးရာကဏ္ဍများအခြေအနေများကို ကျစ်လျစ် ခိုင်မာစွာရှိရေး၊ မြို့နယ်ကော်မတီဝင်များအား ရေးရာအလိုက် တစ်ဦးချင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းတည့် ၁၂နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။

ရဲထွဋ်(ပြည်)


Leave a Reply