မိုးကောင်းပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကျင်းပ

 

ကချင်ပြည်နယ် မိုးကောင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍စီးပွား ရေးဆိုင်ရာဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ သဘာပတိမြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌဦးထွန်းထွန်းအောင်က အမှာ စကားပြောကြားသည်။

ထို့နောက်မြို့မိမြို့ဖဦးတင်ညွန့် က ကုန်သွယ်ရေးနှင့် အခြေခံကုန် ဈေးနှုန်း စာတမ်းကိုလည်းကောင်း၊ မြို့နယ်ပါတီကော်မတီဝင်ဦးစိုးနွယ် က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုစာတမ်းကို လည်းကောင်း အသီးသီးဖတ်ကြား တင်သွင်းကြပြီး မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝင်များက မြို့နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့်စိုက်ပျိုးရေး၊ မွေးမြူရေး၊ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းဆိုင်ရာများကို အကြံပြု တင်ပြကြသည်။

အဆိုပါတင်ပြချက်များနှင့်စပ် လျဉ်း၍ သဘာပတိမြို့နယ်ပါတီ ကော်မတီဥက္ကဋ္ဌဦးထွန်းထွန်းအောင် က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)