ပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး အား ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ H.E.Mr. Hideo Watanabe ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီက နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ် ဧည့်ခန်းမ(၁) တွင် လာရောက်တွေ့ဆုံသည်။

 

 

(more…)


မိုးညှင်းပြည်ခိုင်ဖြိုးပါတီရဲ့ ပဌာန်းပူဇာ သာဓုအနုမောဒနာ

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ (၃၈)ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် (မိုးညှင်းခရိုင်နယ်မြေတာဝန်ခံ) ဦးကျော်စိုးလေး အမှူးပြုသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ပါတီရုံးဝန်ထမ်းများမှ ဧပြီလ (၂၄) ရက်တွင် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း(အချိုပွဲ)များ ဆက်ကပ်လှူဒါန်းကာ တတ်စွမ်းနိုင်သမျှ ဖြင့် ဒါနပြုခဲ့ကြကြောင်း သိရသည်။

(၈)ကြိမ်မြောက် ချိကယ်တိုက်နယ်မိသားစု စုပေါင်းရိုးရာကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော် ကျင်းပ

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ချိကယ်တိုက်နယ်မိသားစုမှ ဦးစီးပြီး ၂၀၁၇ ခုနှစ် (၈)ကြိမ်မြောက် ချိကယ်တိုက်နယ်မိသားစု စုပေါင်းရိုးရာ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော် ကျင်းပခြင်း အခမ်းအနားကို ဧပြီ (၂၁) ရက် နံနက် (၆) နာရီအချိန်က ချိကယ်တံခွန်တိုင်ကွင်း မောဒူဒီးဘိုးဟိုး ကွင်းပြင်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှပြည်ခိုင်ဖြိုးပါတီနှင့် ABC Professional Training Centre တို့ပူးပေါင်း၍ အခမဲ့ ပညာဒါန ကွန်ပျူတာသင်တန်းဖွင့်လှစ်

 

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ABC Professional Training Centre တို့ပူးပေါင်း၍ ပညာဒါန အခမဲ့ ကွန်ပျူတာ သင်တန်းကို (၃၀-၄-၂၀၁၇) မှ (၃၀-၅-၂၀၁၇) အထိ မင်းလှမြို့နယ် ပါတီရုံးတွင် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါ၍ တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

NCA လက်မှတ်ထိုးခြင်းသည် လက်နက်ချခိုင်းခြင်း မဟုတ်ကြောင်း ဒုတပ်ချုပ်ပြောကြား

တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်းသည် လက်နက်ချခိုင်း ခြင်းမဟုတ်ကြောင်း NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များ နားလည်သိရှိအောင် တိုက်တွန်းပေးရန် ဒုတိယ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဧပြီ ၂၄ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ၊ တပ်မတော် ခေါင်းဆောင်များ၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ ပါဝင်သော NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ထည့်သွင်းပြောကြားခဲ့သည်။ (more…)


ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နယ်မြေတာဝန်ခံ ဘဏ္ဍာရေးမှူး ဦးမြင့်ဌေး၊ စည်းရုံးရေးမှူး ဦးတင်သိန်း တို့သည် ဧပြီ (၂၂) ရက်က သပြေတန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ပြည်ခိုင်ဖြိုးပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သက်ကြီးဘိုးဘွားများအား စတုတ္ထအကြိမ်မြောက်ပူဇော်ကန်တော့

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစီး၍ စတုတ္ထအကြိမ်မြောက်သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယခုလ ၂၁ ရက် နံနက် ၇နာရီကအဆိုပါရုံး၌ကျင်းပ ပြုလုပ်သည်။

ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစိစစ်ခြင်း ပါတီနှစ်စဉ်ကြေး ကောက်ခံ ခြင်းလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမျိုးသိန်း၊ မြို့နယ်ပါတီ ကော် မတီ နယ်မြေတာဝန်ခံ ဒေါ်ခင်ဌေးမြင့် နှင့်ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူး၊ အမှုဆောင်များသည် ဧပြီ (၂၃) ရက် နံနက်ပိုင်းက (၁)ရပ် ကွက် ဆူးလေဘုရားလမ်းနှင့် ၃၃လမ်းနှင့် (၆)ရပ်ကွက် ၃၈ လမ်းအတွင်းရှိ ပါတီဝင်များထံသို့ တစ်အိမ်တက် ဆင်းသွားရောက် ၍ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီဝင် နှစ်စဉ်ကြေးကောက်ခံခြင်း နှင့်ပါတီဝင်သစ်များ ထပ်မံစည်း ရုံးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

၂၁ ရာစုပင်လုံညီလာခံကို မေလ ၂၄ ရက်တွင် ကျင်းပပြီး အားလုံးလက်ခံသည့် နိုင်ငံရေးရလဒ် ထုတ်ပြန်ရန် ဆုံးဖြတ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို မေလ ၂၄ ရက်ကစ၍ ငါးရက်ကြာ ကျင်းပပြီး အားလုံးလက်ခံသည့် နိုင်ငံရေးရလဒ်ထုတ်ပြန်ရန် ဧပြီ ၂၄ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) က ဆုံးဖြတ်ခဲ့သည်။ (more…)


ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲအသုံးစရိတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မေ ၂ ရက် နောက်ဆုံးထား တင်ပြရမည်

ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲကာလ အသုံးစရိတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မေ ၂ ရက် နောက်ဆုံး ထား တင်ပြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)