ပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး အား ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ H.E.Mr. Hideo Watanabe ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီက နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ် ဧည့်ခန်းမ(၁) တွင် လာရောက်တွေ့ဆုံသည်။

 

 


ယင်းသို့ တွေ့ဆုံရာတွင် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီတို့ ပူးပေါင်းဆောင်ရွက် ရေး၊ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် ရေး၊ နိုင်ငံနှင့် ပြည်သူစဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌဦးသန်းဌေး နှင့်အတူ အထွေထွေအတွင်းရေး မှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်း ရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ် အမှုဆောင် ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ပြီး ဂျပန်-မြန်မာချစ် ကြည်ရေးအသင်းဥက္ကဋ္ဌ H.E.Mr. Hideo Watanabe နှင့်အတူ ပြည် နယ်လွှတ်တော်အမတ် လေးဦးတို့ တက်ရောက်ကြသည်​။