ဒိန်းမတ်၊ ပြင်သစ်နှင့် အာဂျင်တီးနားတို့ အနိုင်ရနိုင်သည့် ယနေ့ည ကမ္ဘာ့ဖလားပွဲစဉ်များ

ဒိန်းမတ်-သြစတြေးလျ //ညနေ ၆ နာရီခွဲ

ပွဲဦးထွက်တွင်ပီရူးကို တစ်ဂိုးတည်းဖြင့် ကပ်နိုင်ထားသော ဒိန်းမတ်အသင်း၌ သြစတြေးလျနှင့်ပွဲအတွက် ကွင်းလယ်လူ ဗစ်ဗက်ကေဗစ်ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ဘဲ ချယ်လ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်လည်း ကြံ့ခိုင်မှု ပြည့်၊ မပြည့် မသေချာသေးပေ။ 

သို့သော် ဒိန်းမတ်သည် ကမ္ဘာ့ဖလားနောက်ဆုံး ၁၀ ပွဲ ရှုံးပွဲမရှိသေးဘဲ နောက်တစ်ဆင့် တက်ခွင့် သေချာရေး သြစတြေးလျကို အနိုင်ကစားမည်ဖြစ်သည်။ သို့သော် အုပ်စုမှ တက်ရေးသြစတြေးလျကလည်း မဖြစ်မနေ အနိုင်ရရန်  ကြိုးပမ်းမည်ဖြစ်သည်။

ကိုလံဘီယာကိုနိုင်သော ပွဲအပြီးတွင် ကွင်းသန့်ရှင်းရေး လုပ်ခဲ့သည့် ဂျပန်ပရိသတ်များ ချီးကျူးခံရ

ကိုလံဘီယာကို ၂-၁ ဂိုးဖြင့် အနိုင်ရသော ပွဲအပြီးတွင် ဂျပန်ပရိသတ်များက ဘောလုံးကွင်းအတွင်းရှိ အမှိုက်များကို လိုက်ကောက်ကာ သန့်ရှင်းရေး လုပ်ခဲ့သဖြင့် ၎င်းတို့၏ကောင်းမွန်သော အပြုအမူများကြောင့် အများ၏ ချီးကျူးခြင်း ခံနေရသည်။

ယင်းပွဲအပြီးတွင် ဂျပန်ပရိသတ်များသည် ၎င်းတို့နှင့်အတူပါ လာသည့် အမှိုက်အိတ်များနှင့် ဘောလုံးကွင်းထဲ၌ အမှိုက် ကောက်ခဲ့သည်။

အောင်လအန်ဆန်နှင့် ရင်ဆိုင်မည့် ချန်ပီယံလုပွဲက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ကန်ဟက်ဆီဂါဝါဆို

MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် ရင်ဆိုင်မည့်ပွဲသည် ဘ၀အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါက One Championship အား ပြော သည်။

အဆိုပါချန်ပီယံလုပွဲကို ဇွန် လ ၂၉ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည် ဖြစ်ပြီး ကန်ဟက်ဆီဂါဝါ၏ ပထမဆုံးအကြိမ် One Championship (MMA) ပြိုင်ပွဲသို့ ၀င်ရောက်ထိုးသတ်ခြင်း လည်းဖြစ်သည်။

ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဒေးဗစ် ဟေးလ် အနားယူကြောင်း ကြေညာ

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဒေးဗစ် ဟေးလ်ဟာ လက်ဝှေ့သမား ဘဝကနေ အနားယူတော့မှာ ဖြစ်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။ လက်ဝှေ့အားကစားကနေ အနားယူဖို့ ကြေညာလိုက်တာဟာ နောက်ထပ် တစုံတရာ အသစ်ကို စတင်ဖို့အတွက် ဖြစ်တယ်လို့ ဟေးလ်က ပြောပါတယ်။

အသက် ၃၇ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဟေးလ်ဟာ ပြီးခဲ့တဲ့ မေလက နောက်ဆုံး ထိုးသတ်ထားတဲ့ ပွဲစဉ်မှာ တနိုင်ငံတည်းက တိုနီဘဲလူးကို ရှုံးနိမ့်ထားပါတယ်။

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွင် အိမ်ရှင်ရုရှား နိုင်မည်ဟု ကြောင်ဖြူလေး ခန့်မှန်း

အာခီလိဆိုတာ ရုရှနိုင်ငံ စိန့်ပီတာစဘတ်က Hermitage ပြတိုက်မှာ ကြွက်တွေကို ခုတ်ဖမ်းလေ့ရှိတဲ့ ကြောင်လေး တစ်ကောင်ပါ။ ဒါပေမယ့် ဇွန် ၁၄ ရက်မှာ မော်စကိုက Luzhniki အားကစားကွင်းမှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ဆော်ဒီအာရေဗျ လက်ရွေးစင်အသင်းကို ရုရှက အောင်ပွဲခံမယ်လို့ ဟောကိန်းထုတ် နမိတ်ဖတ်ခဲ့တာကြောင့် အာခီလိဟာ ခုဆိုရရင် လူထုအချစ်တော် ကြောင်လေးတစ်ကောင် ဖြစ်လာနေပါပြီ။

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို ၂၀၂၆ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရှိ

အမေရိကန်၊ ကနေဒါ နှင့် မက္ကဆီကိုတို့၏ ပူးတွဲလျှောက် ထားမှုသည် မော်ရိုကိုနိုင်ငံက လျှောက်ထားမှုကို အနိုင်ရရှိပြီးနောက် ယင်းသုံးနိုင်ငံသည် ၂၀၂၆ ကမ္ဘာ့ဖလားကို ကျင်းပခွင့် ရရှိမည်ဖြစ်သည်။

ဖီဖာ၏ ညီလာခံက မြောက်အမေရိက သုံးနိုင်ငံလျှောက်ထားမှုကို ၁၃၄ မဲဖြင့် တစ်ခဲနက် ထောက်ခံပြီး မော်ရိုကိုက ၆၅ မဲသာရရှိခဲ့သည်။ ယင်းမှာ ၂၀၀၂ က ကိုရီးယားနှင့် ဂျပန်ကမ္ဘာ့ ဖလားပြီးနောက် အဆိုပါသုံးနိုင်ငံ က အိမ်ရှင်နိုင်ငံများအဖြစ် ကမ္ဘာ့ဖလားကို ထပ်မံကျင်းပခွင့် ရရှိခြင်းဖြစ်သည်။

ရီးရဲလ်ကို ကိုင်တွယ်ရန် သဘောတူခဲ့သည့် လူပါတီဂူကို စပိန်ကထုတ်ပယ်ပြီး ဟီယာရိုကို နည်းပြခန့်အပ်

ယနေ့စတင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ရီးရဲလ်နည်းပြ ရာထူးကို ရယူရန် သဘောတူထားသော နည်းပြ လူပါတီဂူကို စပိန်ဘောလုံးအဖွဲ့ချုပ်က ပေါ်တူဂီနှင့် ပထမဆုံး ကမ္ဘာ့ဖလားမပြိုင်မီ နှစ်ရက် အလိုတွင် ထုတ်ပယ်ကာ ဟီယာရိုအား ၎င်းတို့၏နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။

ကမ္ဘာ့ဖလားဘောလုံးပွဲ ၁၆ ပွဲမြန်မာ့ရုပ်မြင်သံကြားက ပြသမည်

ကမ္ဘာ့ဖလားပွဲကြည့်ရှုရန် ကမ္ဘာတစ်ဝန်းမှပရိသတ်များက မော်စကိုမြို့တွင် တွေ့ဆုံပွဲကျင်းပစဉ် (ဓာတ်ပုံ−အီးပီအေ)

 

ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ  ပွဲစဉ် ၆၄ ပွဲအနက် ၁၆ ပွဲကို မြန်မာ့ရုပ်မြင်သံကြား (MRTV) က တိုက်ရိုက်ပြသမည်ဖြစ်သည်။

သူ့ကိုရော မက်ဆီကိုပါ ဆာလာကခြိမ်းခြောက်လာနေပြီလို့ စီရော်နယ်ဒိုပြော

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုက လီဗာပူးနဲ့ အီဂျစ်လက်ရွေးင် တိုက်စစ်မှူး ဆာလာဟာ သူ့ကိုရော မက်ဆီကိုပါ ခြိမ်းခြောက်ပြီး Ballon d’Or ဆုကို ရယူနိုင်စွမ်းရှိနေပြီလို့ ပြောလိုက်ပါတယ်။

ဆာလာဟာလီဗာပူးနဲ့ ပထမဆုံးရာသီမှာ ၄၄ ဂိုး သွင်းယူခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာသူသာ စောစောဒဏ်ရာ မရရင် ပွဲအဖြေ ပြောင်းနိုင်မယ်လို့လည်း သုံးသပ်ခံထားရသူပါ။ စီရော်နယ်ဒို က”လူတွေက မက်ဆီနဲ့ စီရော်နယ်ဒို တို့ ပြိုင်ဆိုင်တဲ့အကြောင်းကိုဘဲ ပြောနေကြတာပါ။

အင်္ဂလန်ပြုတ်မယ့်အဆင့်ကို ဟောကိန်းထုတ်ခဲ့တဲ့ မော်ရင်ဟို

လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုပ်သံတင်ဆက်သူအဖြစ်ဆောင်ရွက်မယ့် မန်ယူအသင်းနည်းပြမော်ရင်ဟိုက အင်္ဂလန်အသင်းကို ကွာတားဖိုင်နယ်မှာ ဘရာဇီးအသင်းကဖြုတ်ချလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ မော်ရင်ဟိုက ရှုံးထွက်အဆင့်ကနေ ဆီမီးဖိုင်နယ်အထိကို ဘယ်အသင်းတွေတက်ရောက်မယ်ဆိုတာကို ကြိုတင် ခန့်မှန်းခဲ့တာဖြစ်ပြီး အဲဒီမှာ သူက အင်္ဂလန်ဟာ 16 သင်းအဆင့်မှာ ပိုလန်ကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပေမယ့် ကွာတားဖိုင်နယ်ရောက်ရင်တော့ ဘရာဇီးနဲ့ တွေ့ဆုံကာ ရှုံးနိမ့်သွားလိမ့်မယ်လို့ ခန့်မှန်းခဲ့တာပါ။