အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို ၂၀၂၆ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရှိ

အမေရိကန်၊ ကနေဒါ နှင့် မက္ကဆီကိုတို့၏ ပူးတွဲလျှောက် ထားမှုသည် မော်ရိုကိုနိုင်ငံက လျှောက်ထားမှုကို အနိုင်ရရှိပြီးနောက် ယင်းသုံးနိုင်ငံသည် ၂၀၂၆ ကမ္ဘာ့ဖလားကို ကျင်းပခွင့် ရရှိမည်ဖြစ်သည်။

ဖီဖာ၏ ညီလာခံက မြောက်အမေရိက သုံးနိုင်ငံလျှောက်ထားမှုကို ၁၃၄ မဲဖြင့် တစ်ခဲနက် ထောက်ခံပြီး မော်ရိုကိုက ၆၅ မဲသာရရှိခဲ့သည်။ ယင်းမှာ ၂၀၀၂ က ကိုရီးယားနှင့် ဂျပန်ကမ္ဘာ့ ဖလားပြီးနောက် အဆိုပါသုံးနိုင်ငံ က အိမ်ရှင်နိုင်ငံများအဖြစ် ကမ္ဘာ့ဖလားကို ထပ်မံကျင်းပခွင့် ရရှိခြင်းဖြစ်သည်။

ထို့အပြင် ၂၀၂၆ ကမ္ဘာ့ဖလားသည် ၄၈ သင်း ပါဝင်မည့် ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲလည်း ဖြစ်သည်။ လက်ရှိကမ္ဘာ့ဖလားတွင်  ၃၂ သင်းသာပါဝင်ပြီး ရုရှားနိုင်ငံ၌ ဇွန်လ ၁၄ ရက်တွင် စတင်မည်ဖြစ်သည်။

၂၀၂၆ ကမ္ဘာ့ဖလားတွင် ပွဲ ၈၀ ပါဝင်မည်ဖြစ်ကာ အများစု ဖြစ်သော ပွဲ  ၆၀ ကို  အမေရိကန်နိုင်ငံ၌ ကစားမည်ဖြစ်ကာ ကနေဒါ နိုင်ငံက ၁၀ ပွဲ၊ မက္ကဆီကို နိုင်ငံက ၁၀ ပွဲ လက်ခံ ကျင်းပမည်ဖြစ်သည်။

၂၀၂၆ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ယုံကြည်စွာ အပ်နှံပေးအပ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း အမေရိကန်ဘောလုံးအဖွဲ့ ဥက္ကဋ္ဌ ကားလို့စ်ကော်ဒီရိုက ပြောကြားသည်။ ယနေ့တွင်  ဘောလုံးအားကစားနည်းက တစ်ဦးတည်းသာ အောင်ပွဲခံသွားသူဟု ၎င်းက ဆက်လက်ပြောကြားသည်။

မော်ရိုကိုသည် ကမ္ဘာ့ဖလား ကျင်းပခွင့်ရရှိရန် လျှောက်ထားမှု ငါးကြိမ်မြောက်ရှုံးနိမ့်ခဲ့သည်။

ကမ္ဘာ့ဖလားကျင်းပခြင်းမှ ကန်ဒေါ်လာ ၁၄ ဘီလီယံဝင်ငွေ ရရှိမည်ဟု ကော်ဒီရိုက ကတိပြုခဲ့ပြီး ဖီဖာအတွက် လည်း အမြတ်အစွန်း ၁၁ ဘီလီယံရရှိမည်ဟု ပြောကြားသည်။

အမေရိကန်သည် ကမ္ဘာ့ဖလားကို ၁၉၉၄ က လက်ခံကျင်းပခဲ့ပြီး မက္ကဆီကိုက ၁၉၇၀ နှင့် ၁၉၈၆ တွံင် လက်ခံ ကျင်းပခဲ့ကာ ကနေဒါနိုင်ငံက လက်ခံကျင်းပဖူးခြင်း မရှိသေးပေ။     

—Ref:Goal