Squid Game တကယ့်ပြိုင်ပွဲရှိုးမှာ ပြိုင်ပွဲဝင်တွေနဲ့အတူ ဆယ်လီတွေလည်း ပါဝင်ယှဉ်ပြိုင်မယ်

Netflix ရဲ့ Squid Game တကယ့်ပြိုင်ပွဲရှိုးမှာ အပြင်က အခြားပြိုင်ပွဲဝင်တွေနဲ့အတူ ဆယ်လီတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ Squid Game: The Challenge အမည်ရတဲ့ reality show ကို နောက်နှစ်မှာ ထုတ်လွှင့်ဖို့ မျှော်လင့်ရပါတယ်။ Squid Game ဒုတိယမြောက်စီးရီးနဲ့ တိုက်နေမယ်လို့လည်း မျှော်လင့်ရပါတယ်။

Xiaomi က ကင်မရာ Lenses တပ်ဆင်နိုင်တဲ့ Concept ဖုန်းကို ပြသ

Xiaomi က စမတ်ဖုန်း ကင်မရာတွေကို ဒစ်ဂျစ်တယ် ကင်မရာတွေလောက်ကောင်းအောင် ဖန်တီးဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီက ဖန်တီးနေတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ပြသလိုက်ပါတယ်။ အဲဒီဖုန်းဟာ Xiaomi 12S Ultra Concept Edition ဖြစ်ပြီး တစ်မူထူးခြားတဲ့ အနောက်ကင်မရာတွေ ပါလာကာ Leica Lens တပ်ဆင်နိုင်ပါတယ်။ အဲဒီအတွက် အရည်အသွေးမြင့် ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာပါ။

ဂျက်အင်ဂျင် ၈ လုံးပါတဲ့ မိုးပျံ မော်တော်ဆိုင်ကယ်

November 2, 2022Ko Thuya

JetPack Aviation ကုမ္ပဏီက P2 Speeder မိုးပျံဆိုင်ကယ်ရဲ့ နမူနာမော်ဒယ်ကို ပြသလိုက်ပါတယ်။ Air Utility Vehicle (AUV) လို့ နာမည်ပေးထားပြီး ဂျက်အင်ဂျင် ၈ လုံး တပ်ဆင်ထားပါတယ်။ JetPack Aviation ရဲ့ ကုမ္ပဏီခွဲ Mayman Aerospace က အဲဒီ မိုးပျံဆိုင်ကယ်ကို ဒီဇိုင်းထုတ်ထားတာပါ။

ဘလူးမာ့ခ်အကောင့်ပိုင်ရှင်များ အခကြေးငွေပေးရမည်

တွစ်တာလူမှုကွန်ရက်ကုမ္ပဏီက အတည်ပြုအကောင့်ဖြစ်ကြောင်းညွှန်ပြတဲ့ (blue mark)အပြာရောင်အမှတ် အသားပိုင်ရှင် တွစ်တာသုံးစွဲသူတွေကို တစ်လ အမေရိကန်ဒေါ်လာ (၈)ဒေါ်လာ ကောက်ခံသွားမယ်လို့ တွစ်တာရဲ့ CEO အသစ် ဖြစ်လာတဲ့ အီလွန်မာ့စ်က ကြေညာလိုက်ပါတယ်။

စွမ်းဆောင်ရည်မြင့် 200MP ကင်မရာနဲ့ပွဲထွက်လာမယ့် GalaxyS23 Ultra

ဆမ်ဆောင်းကနေ နောက်ထွက်လာမယ့် GalaxyS23 Ultra မှာ တစ်မူထူးခြားတဲ့ စွမ်းဆောင်ရည်မြင့် 200MP နဲ့ အထိုင်ချပွဲထွက်လာမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

သူ့ထက်ဈေးသက်သာတဲ့ Xiaomi 12T Pro လို စမတ်ဖုန်းမျိုးမှာတော့ 200MP ကင်မရာတွေ သုံးလာနေတာကြောင့် ဆမ်ဆောင်းရဲ့ GalaxyS23 Ultra မှာပါဝင်လာမယ့် ကင်မရာက ဘာထူးခြားမလဲ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

တွစ်တာဘုတ်အဖွဲ့ကို ဖျက်သိမ်းလိုက်တဲ့ အီလွန်မက်စ်

တွစ်တာကုမ္ပဏီကို ဝယ်ယူခဲ့ပြီးနောက်မှာတော့ အီလွန်မက်စ်က တွစ်တာဘုတ်အဖွဲ့က ဖျက်သိမ်းလိုက်ပါပြီ။ အမှုဆောင်ချုပ်သစ် ဖြစ်လာမယ့် အီလွန်မက်စ်က တွစ်တာရဲ့ အကောင့်စစ်ဆေးမှု နည်းလမ်းတွေကို ပြောင်းလဲဖို့ ရှိနေပြီး ဝန်ထမ်းအရေအတွက်ကိုလည်း လျှော့ချသွားမှာပါ။ ပထမအဆင့်အနေနဲ့ ဝန်ထမ်း ၂၅ ရာခိုင်နှုန်းအထိ လျှော့ချဖွယ်ရှိတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

TikTok မှာ ပို့စ် ၁ ခု တင်ရင် သိန်း ၁ သောင်းခွဲလောက် ရနေတဲ့ လူငယ်

Khabane Khaby Lame ဟာ ကမ္ဘာမှာ TikTok Follower အများဆုံး ရထားသူ ဖြစ်ပြီး TikTok Follower ၁၄၉.၅ သန်း ရှိပါတယ်။ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးပေမယ့် TikTok မှာ သူ့ရဲ့ အောင်မြင်မှုက အံ့မခန်း ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး အင်ဂျင်လေးလုံးတပ် မောင်းသူမဲ့လေယာဉ် ပထမဆုံးပျံသန်းမှု အောင်မြင်

ကမ္ဘာ့ပထမဆုံး အင်ဂျင်လေးလုံးတပ် မောင်းသူမဲ့ ဒရုန်းလေယာဉ်ဖြစ်သည့် Scorpion D လေယာဉ်၏ ပထမဆုံးပျံသန်းမှု မကြာမီရက်ပိုင်းအတွင်းက အောင်မြင်စွာပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ Sichuan Tengden Sci-Tech Innovation ကုမ္ပဏီမှ ထုတ်လုပ်ထားသော အဆိုပါ မောင်းသူမဲ့ ဒရုန်းအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ Zigong Fengming အထွေထွေလေဆိပ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က ပထမဆုံးပျံသန်းမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သိပ္ပံပညာရှင်တွေက ကမ္ဘာ့ အကြီးမားဆုံး ဒစ်ဂျစ်တယ် ကင်မရာကို ပြသ

Stanford University ရဲ့ SLAC National Accelerator Laboratory က Legacy Survey of Space and Time (LSST) ကင်မရာကို ဖန်တီးထားပြီး ညဘက်ကောင်းကင်ယံရဲ့ ရုပ်ပုံတွေကို ဖမ်းယူဖို့ ရည်ရွယ် တည်ဆောက်ထားတာပါ။