TikTok မှာ ပို့စ် ၁ ခု တင်ရင် သိန်း ၁ သောင်းခွဲလောက် ရနေတဲ့ လူငယ်

Khabane Khaby Lame ဟာ ကမ္ဘာမှာ TikTok Follower အများဆုံး ရထားသူ ဖြစ်ပြီး TikTok Follower ၁၄၉.၅ သန်း ရှိပါတယ်။ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးပေမယ့် TikTok မှာ သူ့ရဲ့ အောင်မြင်မှုက အံ့မခန်း ဖြစ်ပါတယ်။

သူဟာ ဆီနီဂေါ လူမျိုး ဖြစ်ပြီး TikTok Like ၂.၄ ဘီလီယမ် ရထားပါတယ်။ သူဟာ ကမ္ဘာမှာ အကောင်းဆုံး ဟာသပညာရှင် ဖြစ်ချင်နေပါတယ်။ သူဟာ ပိုမိုအောင်မြင်အောင် အင်္ဂလိပ်စာကို လေ့လာသင်ယူနေပါတယ်။ သူ မကြာခင်က တင်ထားတဲ့ ဗီဒီယိုကို ကြည့်ရှုသူ ၉၅ သန်းတောင် ရှိပါတယ်။

သူက တစ်နေ့မှာ အော်စကာရဖို့ အိပ်မက်မက်နေတယ်လို့ Fortune ကို ပြောပါတယ်။ သူဟာ TikTok မှာ ကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ကြော်ငြာပေးနေသူ ဖြစ်ပြီး ပို့စ် ၁ ခု တင်ရင် ဒေါ်လာ ၇၅၀,၀၀၀ လောက် ရနေပါတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်း ၁ သောင်းခွဲလောက် ရှိပါတယ်။

ပျမ်းမျှအားဖြင့် ကုမ္ပဏီတွေအတွက် သူက ပို့စ် ၁ ခု တင်ရင် ဒေါ်လာ ၄၀၀,၀၀၀ လောက် ရနေပြီး မြန်မာငွေနဲ့တွက်ရင် သိန်း ၈ ထောင်ကျော် ရှိပါတယ်။

Ref : fortune / digitaltimes.com.mm