တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုများ ရပ်တန့်စေရေးအတွက် ခြေရာခံစနစ်ကို ထရန့် အဆင့်မြှင့် တင်မည်

14068150_1747788308795003_9160450062042113955_n

ဝါရှင်တန် သြဂုတ် ၂၈

အမေရိကန်၏ ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်း ခံထားရသူ ဒေါ်နယ်ထရန့်သည် လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်များတွင် ခြေရာခံ စစ်ဆေးမှုစနစ်ကို အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် အာဏာပိုင် များကို ကူညီ မည်ဟု ပြောဆိုခဲ့သည်။

လိုဝါ၌ မဲဆွယ်စည်းရုံးရေးအတွက် ဟောပြောခဲ့ရာတွင် ထရန့်က ဗီဇာသက်တမ်း ကို ကျော်လွန်၍ နေထိုင်သူများကို ခြေရာခံသိရှိနိုင်မည့် အဝင်အထွက်လမ်းကြောင်း စနစ် အစီအစဉ်ကို အလေးအနက်ပြောဆိုခဲ့သည်။

နိုင်ငံတွင် လူ ၄၀ ကျော် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ဟု စင်ကာပူ ထုတ်ဖော်

Zika-cases

နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၄၀ ကျော် ရှိထားခဲ့ပြီး အများစုမှာ ဆောက်လုပ်ရေးဆိုဒ်တစ်ခုမှ ပြည်ပလုပ်သားများ ဖြစ်ကြကြောင်း စင်ကာပူ အာဏာပိုင်များက သြဂုတ်လ ၂၈ ရက်တွင် ထုတ်ဖော် ပြောကြား လိုက်သည်။ အသက် ၄၇ နှစ်အရွယ် မလေးရှားနိုင်ငံသူတစ်ဦး နိုင်ငံတွင် ပထမဆုံးအကြိမ် ရောဂါပိုးကူး စက်ခံရသည့်ဖြစ်စဉ်ကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက သြဂုတ်လ ၂၇ ရက်က ကြေညာထားခဲ့သည်။

အီရန်စစ်သင်္ဘောကို အမေရိကန်ရေတပ် သုံးကြိမ်သတိပေးပစ်ခတ်

US-ships

ပင်တဂွန်၊ သြဂုတ် ၂၆

ပင်လယ်ကွေ့တွင် အီရန်စစ်သင်္ဘောတစ်စီးအား အမေရိကန်ရေတပ်က သုံးကြိမ်သတိပေးပစ်ခတ်ခဲ့ကြောင်း ပင်တဂွန်က ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်သင်္ဘောများကို အီရန်သင်္ဘောများ နှောင့်ယှက်ခုတ်မောင်းမှုရှိရာမှ ယခုတစ်ကြိမ်တွင် သတိပေးပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပီတာကွတ်က ပြောသည်။

ငလျင်ဒဏ်သင့် အီတလီတွင် အရေးပေါ် အခြေအနေကြေညာထား

Italy_0

ရောမ၊ သြဂုတ် ၂၆

သြဂုတ် ၂၄ ရက် ငလျင်လှုပ်မှု ကြုံတွေ့ခဲ့သည့် အီတလီတွင် ပိတ်မိနေသူများမှ အသက်ရှင်ကျန်ရစ်သူများစွာကို ရှာတွေ့ဦးမည် ယုံကြည်နေရခြင်းနှင့်အတူ အဆိုးဆုံးကြုံတွေ့သည့် ဒေသများတွင် အရေးပေါ် အခြေအနေ ကြေညာထားသည်။

ငလျင်ဒဏ်မှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ယူရိုငွေ သန်း ၅၀ ရန်ပုံငွေမတည်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မတ်တီယိုရန်ဇီက ပြောသည်။

ဟောင်ကောင်မှာ ဇီကာဗိုင်းရပ်စ် ပထမဆုံးအကြိမ်တွေ့

2016-08-25-233411

ဟောင်ကောင်မှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန် ရှိသူတွေက အတည်ပြုလိုက်ပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ တွေ့ရှိကြောင်းနဲ့ ကူးစက်ပျံ့နှံ့ခြင်း မရှိစေရန် လိုအပ်တဲ့ ကာကွယ်မှုများ ဆောင်ရွက်နေကြောင်း ကြာသပတေးနေ့ (သြဂုတ် ၂၅ ရက်) က သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

ကိုလံဘီယာအစိုးရနှင့် ဖာ့စ်သူပုန်များ သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုး

Colombia's FARC lead negotiator Ivan Marquez (L) and Colombia's lead government negotiator Humberto de la Calle (R) shake hands while Cuba's Foreign Minister Bruno Rodriguez looks on, after signing a final peace deal in Havana, Cuba, August 24, 2016. REUTERS/Enrique de la Osa
(Enrique de la Osa/reuters)

ကိုလံဘီယာအစိုးရ နှင့် ဖာ့စ်သူပုန်အဖွဲ့သည် သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးကာ ဆယ်စုနှစ် ငါးခုကြာ ပဋိပက္ခကို အဆုံးသတ်လိုက်သည်။ နှစ်ဖက်စလုံးက တည်မြဲ၊ တည်တံ့သော ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ ပဋိပက္ခအတွင်း ထိခိုက်နစ်နာခဲ့သူများအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးရေး၊ လူမှုရေးဆိုင်ရာ ချန်လှပ်ခံထားရမှုတို့ကို အတူတကွ ဖြေရှင်းရေး သဘောတူခဲ့ကြသည်။

ကမ္ဘာ့အကြီးဆုံး ဝေဟင်ယန္တရားကြီး စမ်းသပ်ပျံသန်းစဉ် ပျက်ကျ

feryt54ty

ကမ္ဘာ့အကြီးဆုံး ဝေဟင်ယန္တရားအဖြစ် သတ်မှတ်ခံရသည့် လေသင်္ဘောကြီး Airlanderသည် စမ်းသပ်ပျံသန်းမှု ခရီးစဉ်အတွင်း ပျက်ကျခဲ့ကြောင်း သိရသည်။

ပေ ၃၀၀ အရှည်ရှိသည့် လေသင်္ဘောကြီးသည် ဩဂုတ် ၂၄ ရက်က ဒုတိယ အကြိမ်မြောက် စမ်းသပ်ပျံသန်းမှု ပြုလုပ်စဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ Airlanderသည် လန်ဒန်မြောက်ပိုင်းရှိ လေယာဉ်ကွင်း တစ်ခုမှ ပျံတက်လာပြီး လေထဲတွင် တစ်နာရီခွဲမျှ မောင်းနှင်ခဲ့ပြီးနောက် လေဆိပ်သို့ အပြန်တွင် ဦးပိုင်းဖြင့် မြေပြင်ပေါ် အရှိန်ပြင်းပြင်း ထိုးဆင်းခဲ့သည်။

အကူအညီမရပါက ယခုနှစ်အတွင်း နိုင်ဂျီးရီးယား ကလေးငယ် ၄၉,၀၀၀ ကျော် သေဆုံးရတော့မည်ဟု ကုလ သတိပေး

Nigeria

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်နေကြသော ကလေးငယ် ငါးသိန်းနီးပါးမှာ ယခုအခါ ဆိုးရွားသည့် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ၏ ယူနီဆက်ဖ်အဖွဲ့က သြဂုတ် ၂၅ ရက်တွင် ပြောကြားသည်။ မိုးခေါင်ရေရှားမှုနှင့် နိုင်ငံအနောက်မြောက်ခြမ်းတွင် ဘိုကိုဟာရမ်စစ်သွေးကြွများ ခုနှစ်ကြာထကြွ သောင်းကျန်းနေခြင်းတို့ကြောင့် ကလေးငယ်တို့ ဒုက္ခကျရောက်နေရသည်ဟု ဆိုသည်။

ကဘူးလ်ရှိ အမေရိကန်တက္ကသိုလ်ကို ဗုံးခွဲသူများအား လုံခြုံရေးတပ်များ ပစ်သတ်

Kabul

ကဘူးလ်၊ သြဂုတ် ၂၅

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ အမေရိကန်တက္ကသိုလ်ကို တိုက်ခိုက်သူ သေနတ်သမားနှစ်ဦးအား အာဖဂန်လုံခြုံရေးတပ်ဖွဲ့က ပစ်သတ်သုတ်သင် လိုက်သည်။

သြဂုတ် ၂၄ ရက် ညနေပိုင်းက ဗုံးစတင်ခွဲကာ စစ်သွေးကြွများ စီးနင်းတိုက်ခိုက်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ လူ ၂၀ အနည်းဆုံးဒဏ်ရာရသည်။

အာဖဂန်က အမေရိကန်တက္ကသိုလ် တိုက်ခိုက်ခံရ၊ ၁၃ ဦး သေဆုံး

la-1472056936-snap-photo

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က အမေရိကန်တက္ကသိုလ်မှာ သေနတ်သမားတွေက တိုက်ခိုက်ခဲ့လို့  ကျောင်းသား ၇ ဦးအပါဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ မြို့ရဲ့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

သြဂုတ် ၂၄ ရက်နေ့က တိုက်ခိုက်မှုမှာ သေနတ်သမားတွေက ဖောက်ခွဲရေး ပစ္စည်းတွေကိုပါ သုံခဲ့ပြီး တက္ကသိုလ် ပရဝုဏ်ထဲမှာ သေနတ်နဲ့ ပစ်ခဲ့တယ်လို့ အစီရင်ခံထားပါတယ်။