စစ်တွေသို့ ရောက်ရှိလာသည့် ကိုဖီအာနမ် ကို ဒေသခံများမှ ဆန္ဒပြ

ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနမ် ယနေ့ (စက်တင်ဘာ ၆ ရက်) နံနက်ပိုင်းက စစ်တွေသို့ရောက်ရှိလာစဉ် လေဆိပ်ထွက်လမ်း တစ်လျှောက်၌ ဒေသခံ ၃၀၀ ခန့်က ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

4_20

(more…)


လီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရန်မလိုအပ်ဟုဆို

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံတွင် လီဆူအမျိုးသားတိုးတက်ရေးပါတီက လီဆူအထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသတ်မှတ်ပေးရန် ဆွေးနွေး ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးရန် မလိုအပ်ကြောင်း ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီက သဘောထားထုတ်ပြန်သည်။ (more…)


အဝေးသင်တက္ကသိုလ် စာမေးပွဲရက်များ ထုတ်ပြန်

ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်များ၏ အနီးကပ်သင်တန်းနှင့် အတန်းတင်စာမေးပွဲ အချိန်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ပထမအသုတ်ဖြစ်သည့် သိပ္ပံ အထူးပြု ဘာသာရပ်တွဲအားလုံးအတွက် အတန်းတင်စာမေးပွဲကို အောက်တိုဘာ ၃ ရက်ကနေ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (more…)


အဲကမ္ဘောဇ၏ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ချင်းမိုင်မြို့သို့ ပျံသန်းမည်

ပြည်တွင်းခရီးစဉ်များကိုသာ အဓိကထား ပျံသန်းပြေးဆွဲလျက်ရှိသော Air KBZ လေကြောင်းသည် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ရန်ကုန်-ချင်းမိုင်-ရန်ကုန် ခရီးစဉ်ကို နိုဝင်ဘာအတွင်း စတင်ပျံသန်းပြေးဆွဲမည်ဟု သတင်း ရရှိသည်။ (more…)


လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နောက်သုံးရက်အတွင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။ (more…)


စက်တင်ဘာ ၁၃ ရက်သည် အီဒွလ်အဿွာဟာ(ဘက္ကရီအီးဒ်)နေ့ဖြစ်၍ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာ

၁၃၇၈ ခုနှစ် တော်သလင်းလဆန်း ၁၂ ရက် (၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်) အင်္ဂါနေ့သည် အီဒွလ် အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ် ပိတ်ရက်ဖြစ်ကြောင်း ကြေညာထားကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ပါတီ အဆင့်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေသည် စက်တင်ဘာလ (၄) ရက် နံနက် (၈) နာရီက ရခိုင်ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများအား ပါတီ၏ရှေ့ဆက်မည့် လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးသန်းထွန်းနှင့် ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများ စုစုပေါင်း ၅၇ ဦး တက်ရောက်ခဲ့ကြသည်။

viber image RK2

(more…)


အဖွဲ့အစည်းအသီးသီး၏ နိုင်ငံရေးလိုလားချက်အားလုံးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံ၍သာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်၏ သဘောထားရပ်တည်ချက် ၂၁ ရာစု ပင်လုံညီလာခံတွင် တင်သွင်း

အဖွဲ့အစည်းအသီးသီး၏ နိုင်ငံရေးလိုလားချက်အားလုံးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံ၍သာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်၏ သဘောထားရပ်တည်ချက် စက်တင်ဘာ ၃ ရက်က ပြုလုပ် သည့် ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထနေ့တွင် တင်သွင်းခဲ့သည်။ (more…)


အမျိုးသမီးများ လူနေမှုဘဝ မြင့်မားလာစေရေး အလှအပနှင့် ကျန်းမာရေး အထောက်အကူပြု ရက်တိုသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေထိုင်သော အမျိုးသမီးများ ကျန်း မာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝ မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကာ အမျိုးသမီးရေးရာကဏ္ဍ၊ အလှအပ ရေးရာနှင့် ကျန်းမာရေးရာအထောက် အကူပြုရက်တိုသင်တန်းအား ယခု လ ၂ ရက်မှ ၃ ရက်အထိ မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၅ နာရီအထိ သင်တန်းပို့ချဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့ရှိ အသက်ရာကျော်ဘိုးဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ပူဇော်ကန်တော့

မြန်မာတစ်နိုင်ငံလုံးရှိ အသက် ရာကျော်ဘိုးဘွားသက်ရှည်များ အား အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂ မဟာသီရိ သုဓမ္မဦးသိန်းစိန်(နိုင်ငံတော်သမ္မတ-ငြိမ်း)နာယကအဖြစ် ဦးဆောင်တည်ထောင်ထားသည့် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းက ပူဇော်ကန်တော့လျက်ရှိသည်။ ထိုသို့ ပူဇော်မှုများပြုလုပ်ရာတွင် ယခုလ ၂ ရက် မွန်းလွဲပိုင်းက ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင် ဦးဆောင်သော ခရိုင်ပါတီကော်မတီဝင်များ၊ ကြံခင်းမြို့နယ်ပြည် ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်ပါတီ ကော်မတီဝင်များသည် ကြံခင်းမြို့နယ် ဇီးပင်ကွင်းကျေးရွာနေ အသက် (၁ဝ၂နှစ်)ရှိ အဘွား ဒေါ်သိန်းရှင်အား ဖောင်ဒေးရှင်းမှ လှူဒါန်း သည့် အာယုဂုဏပူဇာ ငွေကျပ် နှစ်သိန်းနှင့် မှတ်တမ်းတင်ဂုဏ်ပြု လွှာတို့ကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ခရိုင်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇီးပင်ကွင်း ကျေးရွာအုပ်စု အုတ်ပုံရွာတွင် နေထိုင်သော အဘွားဒေါ်မိုးစိန် အသက်(၁ဝ၂နှစ်)အား သွားရောက် ကန်တော့ကြရာ ဘွားသက်ရှည်က ဦးသိန်းစိန်(နိုင်ငံတော်သမ္မတ-ငြိမ်း) ကျန်းမာပါစေကြောင်း ဆုမွန်များ ပို့သပြီး ယခုလာရောက် ကန်တော့ သူတို့မှာလည်း ဘဝအဆက်ဆက် က ဆွေမျိုးတော်စပ်သူများဖြစ်၍ သားသမီးများကို တွေ့ရသကဲ့သို့ ဝမ်းသာပါကြောင်း၊ သတိမှတ် ဥာဏ်ကောင်းမွန်စွာ ဆုတောင်း မေတ္တာပို့သ လျက်ရှိသည်ကို တွေ့ မြင်ခဲ့ရသည်။