အမျိုးသမီးများ လူနေမှုဘဝ မြင့်မားလာစေရေး အလှအပနှင့် ကျန်းမာရေး အထောက်အကူပြု ရက်တိုသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေထိုင်သော အမျိုးသမီးများ ကျန်း မာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝ မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကာ အမျိုးသမီးရေးရာကဏ္ဍ၊ အလှအပ ရေးရာနှင့် ကျန်းမာရေးရာအထောက် အကူပြုရက်တိုသင်တန်းအား ယခု လ ၂ ရက်မှ ၃ ရက်အထိ မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၅ နာရီအထိ သင်တန်းပို့ချဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

”အစ်မတို့အနေနဲ့ ဒီသင်တန်း လေးကိုဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြို့နယ် အတွင်း မှာနေတဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ စီး ပွားရေးစတဲ့ကိစ္စတွေမှာ အထောက် အကူတစ်ခုဖြစ်လာဖို့ပဲ ဖြစ်ပါ တယ်။ ဒီသင်တန်းလေးမှာ ပါတီဝင် အမျိုးသမီးတွေအပြင် မြို့အတွင်းမှာနေထိုင်တဲ့ ပါတီဝင်မဟုတ်တဲ့ အမျိုးသမီးတွေပါ တက်ရောက်ကြ မှာပါ။ သင်တန်းသားအနေနဲ့က တော့ ၄ဝ တက်ရောက်ကြမှာပါ။ ဒီသင်တန်းကို တက်ရောက်တဲ့သင် တန်းသားအမျိုးသမီးတွေအနေနဲ့ ကိုယ်နေတဲ့ရပ်ကွက်ကို ပြန်ရောက်ရင် ဒီသင်တန်းကနေ ပို့ချပေးတဲ့ သင်ခန်းစာတွေကလက်တွေ့အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်တန်းလေး ပြီးရင် ကျွန်မတို့ပါတီရဲ့ အမျိုးသမီးရေးရာကဏ္ဍကနေ မြို့နယ်တွေအတွင်းက ရပ်ကွက်တွေထိ ဆင်းပြီး ကျန်းမာရေးဆိုင် ရာစောင့်ရှောက်မှုလုပ်ငန်းတွေကို လည်း ဆောင်ရွက်သွားဖို့ရှိပါ တယ်”ဟုမန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ကဏ္ဍတာဝန်ခံတိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်လှလှအေးက ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးမျိုးမြင့်၊ ဒေါ်လှလှအေး၊ ဦးအောင်နိုင်ဦး၊ မန္တလေးခရိုင်ပါတီ ဥက္ကဋ္ဌဦးဘိုသင်း၊ ခရိုင်အတွင်းရေးမှူး ဦးကျော်စန်း၊ ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်အတွင်း ရေးမှူးနှင့်မြို့နယ်ပါတီကော်မတီ ဝင်များ၊ သင်တန်းနည်းပြဆရာ များ၊ သင်တန်းသားများ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၈ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ


Leave a Reply