ပုဏ္ဏားကျွန်းမြို့နယ် ပါတီတွင်းစည်းလုံးညီညွှတ်ရေး တွေ့ဆုံဆွေးနွေး

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၂ နာရီက ပြည်နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် မြို့နယ်ပါတီအဆင့်ဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြို့နယ်ပါတီတွင်း စည်းလုံးညီညွတ်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင် တိုင်းဒေသကြီး ခရိုင် မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော်မတီရုံးတွင် ဖောဖော်ဝါရီ (၇) ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်က ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီ ဝင်များနှင့် တွေ့ဆုံ၍ လူထုဟောပြောမှုအတတ်ပညာ အကြောင်း ဟောပြောပို့ချခဲ့သည်။

ပြည်နယ် /ခရိုင် /မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (ပထမ) နေ့ကျင်းပ

 

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး
ရေးပါတီ ပြည်နယ်/ခရိုင်/မြိုနယ် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (ပထမနေ့) ကို (၈-၂-၂၀၁၇) ရက်နေ့၊ နံနက်(၉)နာရီတွင်ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ တွင် စတင်ကျင်းပခဲ့ကြောင်း၊ အစည်း အဝေး သို့
ကချင် ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံနှင့်ပြည်နယ်
ကော်မတီဝင်များ၊ အရန်ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဌများစုစုပေါင်း(၄၅)ဦးတက်
ရောက်ခဲ့ကြောင်း၊မနက်ဖန်တွင် ဒုတိယနေ့ အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ် သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့် ကျေးရွှာရှိ ဒေသခံ တောင်သူများနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ် သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်သည် တောင်သူလယ် သမားရေးရာ ကော်မတီအဖွဲ့ဝင်မျာ၊ ပျဉ်းမနားပါတီ ဥက္ကဌ ဒေါ်ဝင်းသီနှင့် မြို့နယ်/ ရပ်ကျေး ကော်မတီဝင်များနှင့် အတူ ပျဉ်းမနားမြို့နယ် ၊ ဇီးဖြူပင်ကျေးရွှာ အုပ်စု သစ်ဆိမ့်ပင် (ရှေ့) ကျေးရွာရှိ ဆောင်းသီးနှံ မတ်ပဲနှင့် ပဲမျိုးစုံ စိုက်ခင်းများသို့ ဖေဖော်ဝါရီ( ၆) ရက်နေ့က သွားရောက်ကြည့်ရှု့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအ​ဝေးပြုလုပ်

 

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ် /ရပ်ကျေး ပုံမှန်မျက်နှာစုံညီ အစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၇ ရက်၊ နေ့လည် (၁းဝဝ )နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင်မြိတ်မြို့နယ်ပါတီဥက္ကဌ- ဦးမိုးမြင့်နှင့်
မြို့နယ်ပါတီကော်မတီဝင်များနှင့် ကျေးရွာ/ရပ်ကွက်
များကပါတီစည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင်​များ
တက်ရောက်ကြကာ ပထမဦးစွာမြို့နယ်ပါတီဥက္ကဌမှ
အမှာစကားပြောကြားပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဌာနချုပ် စုပေါင်းထမနဲထိုးပွဲသို့ တက်ရောက်အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဖေဖော်ဝါရီ (၇) ရက် နံနက် ၇ နာရီက နေပြည်တော်ရှိ ပါတီဌာနချုပ် တွင်ကျင်းပခဲ့သည့် ဌာနချုပ်စုပေါင်းထမနဲ ထိုးပွဲသို့ တက်ရောက်အားပေးခဲ့သည်။
ယင်းထမနဲထိုးပွဲကို ပါတီဌာနချုပ် အတွင်းမှ ရုံးတွင်းဌာနများအလိုက်ဝန်ထမ်း များစုပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထမနဲထိုးပွဲသို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး ဌာနချုပ် အတွင်းမှ ဝန်ထမ်းမိသားစုဝင်များ စုံညီစွာ တက်ရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။

(more…)


မေယုအက်ဖ်အမ်ကိစ္စ ရခိုင်တွင် အရေးကြီးအဆိုတင်မည်

ဘင်္ဂါလီဘာသာစကားဖြင့် အသံထုတ်လွှင့်နေသည့် မေယု FM ရေဒီယိုအစီအစဉ်ကို ရခိုင်ပြည်နယ်ရှိ မြို့များ တွင် ဖေဖော်ဝါရီ ၁၀ ရက်၌ တစ်ပြိုင်တည်း ကန့်ကွက်ဆန္ဒဖော်ထုတ်မည်ဟု သတင်းရရှိသည်။ (more…)


ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန် စေတနာ့ဝန်ထမ်းများကို PACE အဖွဲ့ဖိတ်ခေါ်

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်ရန် စေတနာ့ဝန်ထမ်းလုပ်အားပေးများကို ယုံကြည်ရ သော ရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) က ဖိတ်ခေါ်လိုက်သည်။ (more…)


ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်အပေါ် မူတည်၍ အပြောင်းအရွှေ့ဆောင်ရွက်မည်ဟု ပညာရေးဝန်ကြီးပြော

လာမည့်ပညာသင်နှစ် ဧပြီကစတင်၍ ဆရာ၊ ဆရာမ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ကျောင်းပြောင်း ရွှေ့မည် ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။ ကျောင်းအပြောင်းအရွှေ့ များကို ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ နယ်မြေဒေသအနီး၊ အဝေးကို ထည့်သွင်းစဉ်းစား တွက်ချက်မည် ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။ (more…)