နိုင်ငံတော်သမ္မတ(ငြိမ်း) အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မွေတော် ကက္ကူစေတီတော်သို့ ဇွန်လ (၁၇) ရက်နေ့ကရောက်ရှိခဲ့ပြီး စေတီတော်ပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေကျပ်သိန်း ၁ဝဝ လှူဒါန်းခဲ့သည်။
သီပေါတွင် ပါတီမျက်နှာစုံညီအစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် သီပေါမြို့နယ် ပြည်ခိုင် ဖြိုးပါတီ၏ ပါတီပြန်လည် ရွေးချယ် ဖွဲ့စည်းခြင်းနှင့်မျက်နှာစုံညီ အစည်းဝေးကို ယခုလ ၁၁ ရက် နံနက်၁ဝ နာရီက မြို့နယ်ပါတီရုံး ဖြိုးသီဟခန်းမ၌ ကျင်းပသည်။
နိုင်ငံတော်သမ္မတငြိမ်းအဂ္ဂမဟာသရေစည်သူအဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန်နှင့်ဇနီး တောင်ကြီးမြို့တွင် သံဃာတော်အပါး ၁ဝဝဝအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ရှိ ဆရာတော်ကြီးများအမှူးထား၍ ရွှေသုဝဏ်ဆရာတော်ကြီးနှင့်ပြည်တွင်း ပြည်ပသာသနာပြုမေတ္တာစင်တာများ ၏နာယကကြီး မဟာသဒ္ဓမ္မဇောတိက ဓဇ ဆရာတော်ဦးဝံသသီရိ(ဦးဝင်းဖေ) တို့ ဦးဆောင်၍ နိုင်ငံတော်သမ္မတ (ငြိမ်း) အဂ္ဂမဟာသရေစည်သူ အဂ္ဂ မဟာသီရိသုဓမ္မဦးသိန်းစိန်နှင့် ဇနီး၊ Mr. HALIM Family & Mr. RUDDY Family အင်ဒိုနီးရှားနိုင်ငံ Dhama Brother & Sister၊ သုဓမ္မ သိင်္ဂီဒေါ်ရည်ဝိုင်းဦး၊ A1 ကုမ္ပဏီ မိသားစုများနှင့်ဒေါ်ခင်ဌေးကြည်(လုမ္ဗိနီ အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ် လိုင်း)မိသားစုများစုပေါင်း၍
နိုင်ငံတော်သမ္မတ(ငြိမ်း) မှ
တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်း ၄၉ကျောင်းမှ သံဃာတော်အပါး ၁ဝဝဝအား စတီးလ်သပိတ်၊သင်္ကန်းနှင့် အခြား လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်း သည့်အလှူတော်မင်္ဂလာအခမ်း အနားကို ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့ သစ်တောရပ်ကွက် မဟာပုဗ္ဗာရုံ ကံဦးပရိယတ္တိစာသင် တိုက်တွင် ကျင်းပခဲ့သည်။
အလှူတော်မင်္ဂလာအခမ်းအနား သို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ အထွေထွေအတွင်းရေး မှူး ဦးတင်နိုင်သိန်းနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ် နှင့် တာဝန်ရှိသူများ၊အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော့၍ ဖွင့် လှစ်ခဲ့ပြီး နိုင်ငံတော်ရွှေတံဆိပ် ဆုရစောင်းပညာရှင်ဦးသိန်းဟန်နှင့် အဆိုတော်မပိုးအိတို့က ဓမ္မတေး ဖြင့်ပူဇော်ခဲ့သည်။ ထို့နောက် နိုင်ငံ တော်သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇညောင်ရွှေမြို့အင်းလေးရွှေဘုံသာ ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝေပုလ္လာဘိဝံသထံမှ ငါးပါး သီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော် အရှင် သူမြတ်တို့အား လှူဖွယ်ဝတ္ထုအစုစု တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့ အတွက် အနုမောဒနာ တရားနာ ကြားကာ ရေစက်သွန်းချ အမျှပေး ဝေပြီးနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အလှူ မင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၁၅) ရက်နေ့က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီဝင် ဦးစိုင်းနော်ခမ်းဦးမှ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ ကျောက်မဲခရိုင် ပါတီအတွင်းရေးမှူး ဦးဝင်းမြင့် နှင့်ခရိုင်ပါတီကော်မတီဝင် ဦးဇော်ဦး နှင့် မြို့နယ်ပါတီနာယကများ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် ကော်မတီဝင်များ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြသည်။
ဆေးကုသမှုခံယူနေသော ဝေဒနာရှင်များနှင့် တာဝန်ကျ ဆရာ၊ ဆရာမ များအား အာဟာရဒါနပြု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းထားရှိသော ဖြိုးစေတနာရှင် လူမှုကူညီရေးအဖွဲ့မှ သီပေါမြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်အောင် နှင့် ဖြိုးစေတနာရှင် ဥက္ကဋ္ဌ ဦးစိုင်းရန်နိုင်အေးတို့ ဦးဆောင်၍ ဇွန်လ (၁၂) ရက် နံနက် (၆) နာရီခွဲအချိန်က သီပေါမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော ဝေဒနာရှင် များနှင့် တာဝန်ကျ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများအား နွားနို့ နှင့် ပေါင်မုန့် ကိတ်မုန့် အစရှိသည့် အာဟာရများ ဒါနပြုလှူဒါန်းခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ(၁၄) ရက် နံက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးဇော်လွင်၊ အတွင်းရေးမှူးအဖြစ် ဦးတင်ဝယ်၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးဇော်မင်းနောင် နှင့် ပါတီကော်မတီဝင် (၁၂) ဦးတို့ကို အသီးသီး ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။
ရပ်ကွက် ကျေးရွာအဆင့်ဆင့် ပြန်လည်ရွေးချယ် ပြီးစီးသည့်ပြည်ခိုင်ဖြိုးပါတီဝင်များ ကတိသစ္စာပြု
ရန်ကုန်တိုင်းဒေသကြီးရန်ကုန် (အရှေ့ပိုင်း)ခရိုင် ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်၊ ကျေးရွာပါတီအဆင့်ဆင့် ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးကို မြို့ နယ်အတွင်း မေ ၇ ရက်မှစတင် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မေ ၃၁ ရက်တွင် ရပ်ကွက်နှင့်ကျေးရွာ ၃၂ခု လုံး ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ဖွဲ့စည်းရေးကျင်းပပြုလုပ်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြိုနယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီ အစည်းအဝေးကို ဇွန်လ (၁၁) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ပါသည်။ (more…)
နမ္မတူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၁၂) ရက်က နမ္မတူမြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟို ကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေး စည်းရုံးရေး မှူးများ တက်ရောက်ခဲ့ကြသည်။ (more…)
တာချီလိတ်မြို့နယ် ကျေးရွာအုပ်စု ပါတီမျက်နှာစုံညီအစည်းအဝေးများ ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုင်းကိုး ကျေးရွာအုပ်စု နှင့် မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စုတို့တွင် ပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် ပါတီ အဆင့်ဆင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာချီလိတ်မြို့နယ် ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးချမ်းမြ၊ ဦးကျဒေါလော်၊ ဦးဝေယံဦး၊ ဦးစိုင်း ခင်မောင်လှိုင်၊ ဦးအောင်ဝင်း၊ ဦးစိုင်းလုံ၊ မြို့နယ် (အရံ) ပါတီကော်မတီဝင်များဖြစ်သည့် ဦးစိုးကျော်အောင်၊ ဦးခင်မောင်လွင်၊ စည်းရုံးရေးမှူး ဦးဘိုမောင်၊ ဒေါ်နန်းကေဇင် လှိုင်တို့မှ ဇွန်လ (၁၂) ရက် နံနက်(၉)နာရီတွင် မိုင်းကိုးသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။