ပြည်နယ်ပါတီဥက္ကဌ ကျိုင်းတုံခရိုင်/မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

14570218_681060195402879_1114896829162046405_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ရှမ်းပြည်နယ် ပါတီဥက္ကဌ ဦးသန်းဝင်းသည် အောက်တိုဘာလ (၆) ရက် နေ့လည် (၁) နာရီအချိန်က ကျိုင်းတုံမြို့ရှိ ပြည်နယ်ပါတီရုံးတွင် ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ်ပါတီဥက္ကဌများ၊ ပါတီ ကော်မတီဝင်များဖြင့် တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား အကျယ်တ၀င့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက် ခဲ့ပြီး ညနေ (၃) နာရီအချိန်တွင် တွေ့ဆုံပွဲ အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပည်။

တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကျိုင်းလပ်ဝေဿန္တရာအလှူပွဲသို့ တက်ရောက်ပါဝင်လှူါးန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်၊ ရပ်ကွက်(၃)၀မ်ကျင်း ၀မ်မိုင်ကျောင်းထိုင် ဆရာတော်နှင့် ဂေါပကအဖွဲ့တို့၏ ဖိတ်ကြားမှုဖြင့် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးအောင်ထန်နှင့် ပါတီလူငယ် အဖွဲ့တို့သည် စက်တင်ဘာု (၃၀) ရက်နေ့က ၀မ်မိုင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ဝေဿန္တရာ အလှူပွဲသို့ တတ်ရောက်ခဲ့သည်။

ကျေးရွာတောင်သူများအတွက် မြေလွတ်၊ မြေရိုင်းပုံစံ (၁၀၅) ပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ကျိုင်းတုံမြို့ ၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်တောင်း ကျေးရွာရှိ တောင်သူများကို မြေလွတ်၊ မြေရိုင်းပုံစံ (၁၀၅) ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၂၇) ရက်နေ့က ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် ဦးဆောင်၍ ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် အခြားအဖွဲ့အစည်းများ၊ ရွာသူရွာသားများ တက်ရောက်ခဲ့ကြသည်။

မိုင်းဆတ်ပြည်ခိုင်ဖြိုး လယ်ယာများ ပိုးသတ်ဆေးဖျန်းခြင်း တောင်သူ လယ်သများအား ပိုသတ်ဆေးဖြန့်ဝေပေးခြင်းများ ပူးပေါင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိုင်းမိုးဇော်ဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များသည် မိုင်းဆတ် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်း၊ စိုက်ပျိုးရေး ဝန်ထမ်းများနှင့်အတူ စက်တင်ဘာလ (၂၆) ရက်က မိုင်းဆတ်မြို့နယ် ထူးဒေါ့ (၈)မိုင်ကျေးရွာ မှ လယ်ယာမြေ (စပါးခင်းများ) တွင် ရွက်လိပ်ပိုး၊ ရွက်ကပ်ပိုး၊ ကြက်သွန်မြိတ်ပိုးများ ကျရောက်နေသော လယ်ဧကပေါင်း (၂၀)ခန့်အား သွားရောက်ကြည့်ရှုပြီး လယ်ယာများ အား လက်တွေ့ ပိုးသတ်ဆေး ပက်ဖျန်းပေးခြင်း၊ တောင်သူလယ်သမားများအား ပိုးသတ်ဆေးများ ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ကျိုင်းတုံမြို့နယ်ရှိ မူလတန်း၊ အလယ်တန်း ကျောင်းများ ဆောင်ရာတွင် လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများ သွားရောက်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှ ဦးဆောင်ပြီး ပြည်နယ်ပါတီ ကော်မတီဝင် ဦးရှာမွေလရှဲန်၊ ဦးစိုင်းဟွမ်နွဲ့၊ ဦးစိုင်းတွီ၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဒေါ်နန်းနော် တို့သည် ကျိုင်းတုံခရိုင်ပါတီဥက္ကဌ ဦးစိုင်းတစ်ပ်၊ မြို့နယ်ပါတီ ဥက္ကဌ ဦးအောင်ထန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းဆမ် တို့နှင့်အတူ ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာ မူလတန်းကျောင်းနှင့် အလယ်တန်း ကျောင်းဆောင်သစ်များ ဆောက်လုပ်ရာတွင် လိုအပ်လျှက်ရှိသော ဘိလပ်မြေ (၅၀)အိတ်၊ ၇ ပေသွပ် (၆၀)ချပ်၊ ခေါင်အုပ်သွပ်(၁၆)ချပ်၊ သွပ်ရိုက်သံ (၁၀)ဘူး ကာလတန်ဘိုး ကျပ်(၄)သိန်း (၈)သောင်းတန် ပစ္စည်းများကို (အမက)ကျောင်း အတွက်လည်းကောင်း၊ (အလက)ကျောင်း ဆောက်လုပ်ရန် အတွက် တန်ဘိုးငွေ ကျပ် (၂)သိန်း၊ (၇)သောင်း (၅)ထောင်ရှိ ဘိလပ်မြေ (၅၀)အိတ် စုစုပေါင်း တန်ဘိုးငွေ ကျပ် (၇)သိန်း (၅)သောင်း(၅)ထောင်ရှိ ပစ္စည်းများအား စက်တင်ဘာလ (၂၃) ရက်နေ့က ပညာရေးအထောက်အကူပြု ကွင်းဆင်း လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ကလောပြည်ခိုင်ဖြိုးပါတီ ကျေးရွာစာသင်ကျောင်းအတွက် ဗလာစာအုပ်များ လှူဒါန်း

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌနှင့် မြို့နယ် ပါတီကော်မတီဝင်များမှ စက်တင်ဘာ (၂၁) ရက်က ကလောမြို့နယ်ရှိ ပတ္တူပေါက်ကျေးရွာနှင့် သူရဲကျေးရွာ ပြည်ခိုင်ဖြိုး ပါတီ စည်းရုံးရေးမှူးများနှင့်တွေ့ဆုံပြီး ထိုကျေးရွာနှစ်ရွာမှ စာသင်ကျောင်းရှိ ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

Zaw Zaw Win (Kalaw)

ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ဂုဏ်ပြုဆုချီးမြှင့်ပွဲ တက်ရောက်အားပေး

ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးစီမံချက်မှ ကြီးမှူး ကျင်းပသော နိုင်ငံတကာငြိမ်းချမ်းရေးနေ့ စာစီစာကုံးပြိုင်ပွဲ ဆုရ ကျောင်းသူ/ကျောင်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ (စက်တင် ဘာလ ၂၁ ရက်) နံနက် (၉) နာရီအချိန်တွင် တာချီလိတ်မြို့ (ရွှေမဟာ) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု စည်းမှူးနှင့် အမှုဆောင်အဖွဲ့တို့အား တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု စည်းမှူးနှင့် အမှုဆောင်အဖွဲ့တို့အား တာဝန် ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ (၁၄) ရက် နံနက် (၉) နာရီခွဲက ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

14238220_648086225360892_4799681483498524229_n

(more…)


ရှမ်း(မြောက်) ပြည်ခိုင်ဖြိုးပါတီဝင်များ ပုဂံဒေသရှိ စေတီတော်သန့်ရှင်းရေး လုပ်အားဒါနပြုဆောင်ရွက်ပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လူငယ်များ အင်အား (၂၇၂) ဦးတို့သည် စက်တင်ဘာလ (၁၃) နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ ပုဂံယဉ်ကျေးမှုနယ်မြေရှိ ငလျင်ဒဏ်သင့် ခဲ့ရသော စူဠာမနိ စေတီတော် သန့်ရှင်းရေး သွားရောက်ကူညီ ဆောင်ရွက် ခဲ့ကြသည်။

14184357_1082694545148569_2434129903567660545_n

(more…)


ဗဟိုကော်မတီဝင်နှင့်အဖွဲ့ တာလေမြို့နယ် ကျေးရွာများသို့ ကွင်းဆင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပါတီကော်မတီဝင် ဦးဝီလ်ဆင်မိုးနှင့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးဝေယံဦး၊ ခရိုင်ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ ဦးစိုင်းလုံထီး၊ ဦးကျဒေါလော်၊ ဦးခင်မောင်လတ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးအောင်ထန်နှင့် ပါတီ စည်းရုံးရေးမှူး အင်အား(၂၀)ဦးတို့သည် စက်တင်ဘာ (၉) ရက်နေ့က တာချီလိတ်ခရိုင်၊ တာလေမြို့နယ်နှင့် မိုင်းကိုးအုပ်စု မယ်ဖုံးလုံရွာသို့ ကွင်းဆင်းသွားရောက်ခဲ့သည်။