ပြည်နယ်ကော်မတီဝင်နှင့်အဖွဲ့ မိုင်းဆတ်ခရိုင်/မြို့နယ်နှင့် မိုင်းတုံမြို့ရှိ အမျိုးသမီးရေးရာအဖွဲ့များဖြင့် တွေ့ဆုံ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင်၊ ရှမ်း(အရှေ့) အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ် ကော်မတီဝင် ဦးစိုးကျော်အောင်၊ မြို့နယ်(အရန်)ကော်မတီဝင် ဦးထက်အောင်၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နာ လော်ဘိုနှင့် ပါတီလူငယ် များသည် ဒီဇင်ဘာ (၂၇) ရက်နေ့ မိုင်းဆတ်ခရိုင်/မြို့နယ်နှင့် မိုင်းတုံမြို့နယ်ရှိ ပါတီဝင် အမျိုးသမီးအဖွဲ့များဖြင့် သွားရောက်တွေ့ဆုံခဲ့သည်။

ဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်အဖွဲ့ သလဲဦးကုန်းသာကျေးရွာနှင့် ကုန်းခြံအထက်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်တင်မြင့် (တောင်သူလယ်သမားရေးရာ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးမင်းမင်း ဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး)၊ ဦးတင့်လှိုင်မြင့် (ပါတီစည်းကမ်းထိန်းသိမ်းရး)၊ ဦးကိုကိုနိုင် (သုတေသနနှင့် ပညာရေးဌာနကြီး)၊ ဦးအောင်ကျော်ညွန့် (စီးပွားရေးရာ)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးအုန်းဖေနှင့် ဦးမိုးစည်သူ၊ တောင်ကြီးခရိုင်ပါတီ ကော်မတီဝင် ဦးကျော်တိုး၊ ညောင်ရွှေမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစံရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များလိုက်ပါပြီး ဒီဇင်ဘာ (၂၆) ရက် နံနက် ၁ဝ နာရီခွဲတွင် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာသို့လည်းကာင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ကုန်းခြံအထက် ကျေးရွာသို့လည်းကောင်း သွားရောက်၍ ဒေသခံ မိဘပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။

 

(more…)


ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ လူငယ်ဘောလုံးအသင်းအတွက် အလှူငွေများ ပေးအပ်

 

(၂၂-၁၂-၂၀၁၆)ရက်နေ့တွင် ဒုတိယအဖြစ် အာခါလီရှောဘောလုံးအသင်းနှင့် သွားရောက်ယှဉ်ပြိုင်ကစားမည့် ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးအသင်းအဖွဲ့ များကို မကာဟိုခမ်းရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ကော်မတီဝင် ဦးဝေယံဦး (ဘဏ္ဍာရေးမှူး)၊ ဦးကျဒေါလော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင် ဦးကျော်ငြိမ်းအောင်၊ ဦးအောင်ထန်တို့မှ တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပါတီ အမျိုးသမီးရေးရာတွေ့ဆုံဆွေးနွေး

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တွေ့ဆုံ၍ ဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာ (၂၁) ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်ပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှမှ အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) အမျိုးသမီးရေးရာ တာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ ဦးဆောင်ဆွေးနွေးကာ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းယန်း၊ မိုင်းခတ်မြို့နယ်အသီးသီးမှ အမျိုးသမီးရေးရာ ကော်မတီဝင်များ တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ခရိုင်/မြို့နယ်/ရပ်ကျေးပါတီအဖွဲ့များဖြင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်နယ် ပါတီကော်မတီဝင် ဒေါ်တင်မေထွန်းသည် ဒီဇင်ဘာ (၂၀) ရက် နံနက် (၈) နာရီအချိန်က တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်အတွင်းရေးမှူး ဦးချမ်းမြ နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းလုံနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာပါတီ ခေါင်းဆောင်များနှင့် ပါတီအမျိုးသမီးအဖွဲ့များ စုစုပေါင်း အင်အား (၇၀) ဦးနှင့် တွေ့ဆုံ၍ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ကျောက်မဲမြို့စစ်ဘေးရှောင်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်မှအလှူငွေလှူဒါန်း

 

ကျောက်မဲမြို့ (၈)ရပ်ကွက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကျောင်းတွင်ဖွင့်လှစ်ထား သော စစ်ဘေးရှောင်စခန်းသို့ ပြည် ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်မှ ယမန် နေ့မွန်းတည့် ၁၂ နာရီတွင် စစ် ဘေးရှောင်ပြည်သူများအတွက် အလှူငွေများ လာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေအိတ် (၁၁၅) အိတ် ပံ့ပိုးလှူဒါန်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ပြည်နယ်ကော်မတီဝင် ဦးရှာမွေလှရှဲန်နှင့် ဒေါ်နန်းနော်တို့သည် ဒီဇင်ဘာ (၁၀) ရက်နေ့က ရပ်ကွက်(၁) ရှဲန်မိန်းရွာတွင် ကွန်ကရစ်လမ်းခင်းနေရာသို့ သွားရောက်ကြည့်ရူ အားပေးခဲ့ပြီး မြို့နယ်ပါတီရံပုံငွေဖြင့် ဘိလပ်မြေ (၁၁၅) အိတ် ပံ့ပိုးပေးခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ


ပြည်ခိုင်ဖြိုးပါတီမှ စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေနှင့် ဆန်များ ထောက်ပံ့ လှူဒါန်း

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ဦးဆောင်မှုဖြင့်
လားရှိုးမြို့နယ်ပါတီကော်မတီဝင်များ၊ မိုးမိတ်မြို့နယ်ပါတီကော်မတီဝင်များနှင့် နောင်ချိမြို့နယ် ပါတီ ကော်မတီဝင်များမှ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စု အုမ္မသီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေကြသော မန်တုန်မြို့နယ်အတွင်းကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူ များအတွက် ငွေကျပ် ၈၀၀၀၀၀ိ/(ရှစ်သိန်းကျပ်တိတိ)နှင့် မိုးမိတ်ဆန် (၁၀)အိတ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ပြည်နယ်ပါတီအတွင်းရေးမှူး ပါတီကော်မတီဝင်များအား တွေ့ဆုံ လမ်းညွှန်မှာကြား

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်းနှင့် ပါတီကော်မတီဝင်များတွေ့ဆုံပွဲကို ဒီဇင်ဘာ (၆) ရက် နံနက် (၁၀) နာရီအချိန်က နောင်ချိုမြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်နယ်အတွင်းရေးမှူး၊ ခရိုင်ပါတီဥက္ကဋ္ဌ၊ မိုးမိတ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ နောင်ချိုမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုမှ စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပါတီအတွင်း ရေးမှူး ဒေါက်တာလဆိုင်းမှ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ရှမ်းမြောက်ပြည်ခိုင်ဖြိုး ရှေ့တန်းရောက် တပ်မတော်သားများအတွက် လှူဒါန်းမှုပြု

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရှေ့တန်းရောက် တပ်မတော်သားများ အတွက် ကျပ်သုံးသိန်းတန်ဖိုးရှိ အနွေထည်များကို ဒီဇင်ဘာ (၅) ရက် နေ့လည် (၂) နာရီအချိန်က သွားရောက် လှူဒါန်းခဲ့သည်။

ထို့အပြင် ဆေးရုံးတက်ရောက်ဆေးကုသမှုခံယူနေရသော ဒဏ်ရာရစစ်သည် များအတွက်လည်း အနွေးထည်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စံစံ