လဲချားမြို့နယ် မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ခန်းမတွင် ယခုလ ၇ ရက် နံနက် ၈နာရီခွဲက မြို့နယ်မျက်နှာစုံညီအစည်းအဝေးကျင်းပရာ သဘာပတိက အဖွင့်အမှာစကားပြောကြားခဲ့သည်။

10305979_575771362538906_6171667018443277133_n

ထို့နောက် ပြည်နယ်ကော်မတီဝင် ဦးခွန်သိန်းမောင်နှင့် လွိုင်လင်ခရိုင် တာဝန်ခံ ပြည်နယ်ကော်မတီဝင် ဦးစိုင်းဇော်ဇော်တို့က မျက်နှာစုံညီအစည်းအဝေးကျင်းပရသည့် ရည်ရွယ် ချက်များ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းပေးခဲ့သည်။ ယင်းနောက် လဲချားမြို့နယ် ပါတီကော်မတီဝင် များက တာဝန်မှနှုတ်ထွက်ခြင်း၊ ပါတီဝင်အသစ်ရွေးချယ်ခြင်း၊ အရန်ကော်မတီဝင်များရွေးချယ်ခြင်း ပါတီ ဥက္ကဋ္ဌ အတွင်းရေးမှူးဘဏ္ဍာရေးမှူးများကို အဆိုတင်သွင်းခြင်း၊ထောက်ခံခြင်းစနစ်ဖြင့် ရွေးချယ်တင်မြှောက် ခဲ့ကြပြီး အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

စိုင်းစိုးမင်းလတ်


Leave a Reply