ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ထန်းတပင်မြို့ ဘောလည်ကျွန်းဒေသရှိ ဘုန်းတော်ကြီးများအား ဝါဆိုသင်္ကန်း ဆက်ကပ် အာဟာရမုန့်ပုံး အချိုရည်လှူဒါန်း COVID-19 ရောဂါ ရှင်းလင်းဆွေးနွေး

 

ရန်ကုန် ဇူလိုင် ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့်အတူ ဗဟိုကော်မတီဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့သည် တလိုင်မွှကျေးရွာအုပ်စုလသာကျေး ရွာပေါက်တော၊ မောက်တင်၊ ညောင်ဆိပ်၊ ကမူ၊ အောက်ဘောလည်၊ ဘောလည်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာပန်သပွတ်၊ ကြမန်းအုပ်စု ကြမန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဆရာတော်တို့အား ဝါဆိုသင်္ကန်း၊ အာဟာရမုန့်ကွေကာ၊ အချိုရည်များ ဆက်ကပ်လှူဒါန်း ကြပြီးဆက်လက်၍ ကျေးရွာပါတီဥက္ကဋ္ဌ၊ ကော်မတီဝင်၊ ပါတီဝင်များနှင့် ပါတီဥက္ကဋ္ဌ ဦးဇော့်ဝင်းနိုင် နေအိမ်တွင် ယမန်နေ့နံနက် ၁ဝ နာရီက COVID-19- ရောဂါအသိပညာပေးများ ဆွေးနွေးပြောကြားခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ Mask နှာခေါင်းစည်းများ တပ် ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။ဇော်သိန်း(ထန်းတပင်)

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့က အစိုးရပါဠိပထမပြန် စာမေးပွဲသို့ သောက်ရေသန့်ဘူးများနှင့် တစ်ရှူးစက္ကူထုပ်များ လှူဒါန်း

 

ရန်ကုန် ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအမျိုးသမီးရေးရာ အဖွဲ့မှ ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် အမှတ် (၄၂) ရပ်ကွက် မဟာဂန္ဓာရုံ ကျောင်းတိုက်စာဖြေဌာနတွင် ကျင်းပလျက်ရှိသော ၂ဝ၂ဝ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမကြီးတန်း ဘာသာရပ် ဖြေဆိုတော်မူကြသော ရဟန်းသာမဏေ ၄၂ ပါး၊ သီလရှင်လေးပါးနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား သောက်ရေသန့်ဘူး ၇ဝနှင့် တစ်ရှူး စက္ကူထုပ် ၇ဝ တို့အား သွားရောက် လှူဒါန်းခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဘောလည်ကျွန်းဒေသရှိ ဆရာတော်များသို့ အာဟာရမုန့်ပုံး အချိုရည်ဘူး များလှူဒါန်း COVID-19 ရောဂါရှင်းလင်းဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့်အတူ ပါတီဗဟိုကော်မတီ ဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းပါတီကော်မတီဝင် ဦးသန်းမြင့်၊ ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီ တို့သည် ဒေါင့်ကြီးကျေးရွာအုပ်စု စက်တန်းကျေးရွာ၊ သမိန်ကျေးရွာအုပ်စု အောက်ခြံတန်းကျေးရွာ၊ ကျွဲကော ကျေးရွာ၊ ဘိုးနတ်ပေးကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ဆရာတော်များထံ အာဟာရမုန့်ပုံးနှင့် အချိုရည် ဘူးများလှူဒါန်းပြီး ကျေးရွာပါတီဥက္ကဋ္ဌ၊ ပါတီကော်မတီဝင်၊ပါတီဝင်များနှင့်ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးကံလှနေအိမ်တွင် ယမန်နေ့ နံနက် ၁ဝနာရီက COVID-19 ရောဂါအသိ ပညာပေးစကားများ ဆွေးနွေးပြောကြားခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း Mask နှာခေါင်းစည်းများ တပ်ဆင်ပေး အပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိ ရသည်။

လှိုင်သာယာပြည်ခိုင်ဖြိုးပါတီမှ သမိုင်းဝင် သက်သာပန်းတောင်း ရွှေရင်အေးစေတီတော်မြတ်ကြီးနှင့် ရွှေရင်အေး ဘုန်းတော်ကြီးကျောင်းပရ၀ုဏ်တို့တွင် ခြင်ဆေးဖျန်းကုသိုလ်ပြုဆောင်ရွက်

 

၂၀၂၀၊ဇူလိုင်လ (၂၂) ၇က်

လှိုင်သာယာပြည်ခိုင်ဖြိုးပါတီက ယနေ့နံနက် ၀၉း၀၀ နာရီတွင် ကျုံစုကျေးရွာရှိသမိုင်းဝင် သက်သာပန်းတောင်း ရွှေရင်အေးစေတီတော်မြတ်ကြီးနှင့် ရွေရင်အေးဘုန်းတော်ကြီးကျောင်း ပုရ၀ုဏ်တို့အားအဖွဲ့ (၂) ဖွဲ့ခွဲ၍ ခြင်ဆေးဖျန်း ကုသိုလ်ပြုဆောင်ရွက် ခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းအား ခရိုင်ပါတီဥက္ကဌ ဦးတင်ယု၊ မြို့နယ် ပါတီနာယက ဦးငွေပို၊ ဦးဘသိန်း၊ မြို့နယ်ပါတီဥက္ကဌ ဦးဇေယျာအောင်၊မြို့နယ်အတွင်းရေးမှူး ဦးဝဏ္ဏထွန်းနှင့် ပါတီဝင်များမှ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမှတ် (၁ဝ) ရပ်ကွက်ရှိ မိဘပြည်သူများအား ဆန်နှင့်ဆီများ သွားရောက်ထောက်ပံ့

 

ရန်ကုန် ဇူလိုင် ၂ဝ

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိုးရာသီသွေးလွန်တုပ်ကွေး ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းလုပ်ငန်း အရှိန်အဟုန်မြင့် ဆောင်ရွက်

 

ရန်ကုန် ဇူလှိုင် ၂၁

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၇နာရီမှ စတင်၍ မြို့နယ်ဘဏ္ဍာရေးမှုး ဦးအောင်ဝင်း ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဦးသန်းဦး၊ မြို့နယ်သတင်းနှင့် ဧရိယါတာဝန်ခံ ဦးအေးမင်းဇော်၊ မြို့နယ်စီမံရေးရာ ဦးကျော်မင်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးနေလင်းအောင်တို့က မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက် မာဃအပိုင်လမ်းသွယ် အသီးသီးကို မိုးရာသီသွေးလွန်တုပ်ကွေး ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းကို ဆောင်ရွက်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးမောင်မောင်ဆွေက အပိုင်ရာ အိမ်မှုးများနှင့် ချိတ်ဆက်ကူညီပေးပြီး မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောထွန်းနှင့် ပါတီကော်မတီဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့အကျိုးပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

 

ရန်ကုန် ဇွန် ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ယမန်နေ့ မွန်းလွဲ ၂နာရီက အမှတ် (၅၆) ရပ်ကွက်အတွင်း ဒေသခံမိဘပြည်သူများ ကျန်းမာရေးအတွက် သွေးလွန်တုပ်ကွေး ကာကွယ်ရန် ဆေးဖျန်းခြင်းအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှတ် (၁) ရပ်ကွက်တွင် ပြည်သူများအား ဆန် ဆီများ လှူဒါန်း

 

ရန်ကုန် ဇွန် ၂၈

ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့တွင် ဝင်ငွေနည်းမိသားစုများအား ဆန်နှင့် ဆီများကို ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက် အတွင်းနေအိမ်များသို့ သွားရောက်ပြီး ဆန်တစ်ပြည်၊ ဆီ ၅ဝ ကျပ်သား နှုန်းဖြင့် ကူညီထောက်ပံ့လှူဒါန်း ခဲ့သည်။

ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရ စည်သူဗိုလ်ကလေးတင့်အောင်အား သွားရောက် ဂါရဝပြု

 

ရန်ကုန် ဇွန် ၂၃ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရုပ်ရှင် တစ်သက်တာထူးချွန်ဆုရ စည်သူဗိုလ်ကလေးတင့်အောင်ထံသို့ သွားရောက်ဂါရဝပြု ကန်တော့ကာ ဆန်၊ ဆီ၊ ပဲ တို့ကို လှူဒါန်းခဲ့သည်။

ထိုသို့တွေ့ဆုံဂါရဝပြုရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်အတူ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာ ဦး ညီညီထွန်းလွင်နှင့် ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေးတို့ လိုက်ပါခဲ့ကြ သည်။

ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော အလှူငွေများကို ဇာတ်ပို့ ဇာတ်ရံ အခြေခံအလွှာတွင် ပါဝင်သရုပ်ဆောင်သူများကို ဆက်လက်လှူဒါန်း

 

ရန်ကုန် ဇွန် ၂၃ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယမန်နေ့ နံနက် ၉ နာရီက ရုပ်ရှင်လောကသားများအတွက် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော အလှူငွေများကို ဒုတိယနေ့အဖြစ် လှူဒါန်းရမည့် ဇာတ်ပို့ ဇာတ်ရံအခြေခံ အလွှာတွင် ပါဝင်သရုပ်ဆောင်သူများကို ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးသို့သွားရောက်ကာ ဆက်လက်လှူ ဒါန်းခဲ့သည်။