ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော အလှူငွေများကို ဇာတ်ပို့ ဇာတ်ရံ အခြေခံအလွှာတွင် ပါဝင်သရုပ်ဆောင်သူများကို ဆက်လက်လှူဒါန်း

 

ရန်ကုန် ဇွန် ၂၃ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယမန်နေ့ နံနက် ၉ နာရီက ရုပ်ရှင်လောကသားများအတွက် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော အလှူငွေများကို ဒုတိယနေ့အဖြစ် လှူဒါန်းရမည့် ဇာတ်ပို့ ဇာတ်ရံအခြေခံ အလွှာတွင် ပါဝင်သရုပ်ဆောင်သူများကို ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးသို့သွားရောက်ကာ ဆက်လက်လှူ ဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ပါတီဗဟိုအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင် တို့က ဇာတ်ပို့ဇာတ်ရံ အခြေခံအလွှာတွင် ပါဝင်သရုပ်ဆောင်သူများအား တစ်ဦးချင်း လှူဒါန်းငွေများ ပေးအပ် ခဲ့ကြသည်။
စက်မှုအခြေခံအလွှာတွင် ပါဝင်ခဲ့သည့် ရုပ်ရှင်လောကသားများကို ယမန်နေ့က တစ်ဦးချင်း ပေးအပ်သကဲ့သို့ ယနေ့တွင်လည်း ဇာတ်ပို့/ဇာတ်ရံအခြေခံအလွှာတွင် ပါဝင်သရုပ်ဆောင်သူများကို တစ်ဦးချင်းပေးအပ်လှူဒါန်းခဲ့ပြီး ယခုလ ၂၄ ရက်တွင် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ တည်းဖြတ်၊ ထုတ်လုပ်ဖြန့်ချိ၊ ပြဇာတ်နှင့် နောက်ခံတေးဂီတတွင် ပါဝင်လုပ်ကိုင်သူများကို ဆက်လက်လှူဒါန်း သွားမည်ဖြစ်သည်။

ကိုနေ၊ စောကျော်ဝင်း