မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက အနှေးယာဉ်လုပ်သားများအား ဂုဏ်ပြုထောက်ပံ့

 

ရန်ကုန် သြဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မြို့နယ်အတွင်းရှိ စာအောင်သံဃာများ ပူဇော်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် လုပ်အားဒါန ပါဝင်လှူဒါန်းခဲ့သော အနှေးယာဉ်လုပ်သားများအား ဂုဏ်ပြုထောက်ပံ့ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ဗိုလ်မင်း ရောင်လမ်းရှိ တောင်ညွန့်ကြီးရပ်ကွက် ပါတီရုံးရှေ့တွင် ကျင်းပခဲ့သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

 

ရန်ကုန် သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယမန်နေ့ နံနက် ၁ဝ နာရီမှ စတင်ကာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ငါးကျောင်းသို့ သွားရောက်ကာ ကျောင်းတိုက်ဆရာတော်ကြီးများထံသို့ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၃/၂၀၂၀)

သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ရန်ကုန်တိုင်းဒေသကြီး” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဝင်း အတွင်း သန့်ရှင်းရေး ဆောင်ရွက်

 

ရန်ကုန် သြဂုတ် လ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အမှတ် (၁ဝ၅)ရပ်ကွက် ချယ်ရီမြိုင်လမ်းမကြီးပေါ်ရှိ အမက ၂၅ (လခွဲ) ကျောင်းအား COVID-19 ကြောင့် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဝင်းအတွင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စာသင်ကျောင်းဝင်းအတွင်း ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်

 

ရန်ကုန် သြဂုတ် ၎

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၁ဝနာရီတွင် မိုးရာသီ သွေးလွန်တုပ်ကွေးကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်ရာ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်ဂရုဏာအပိုင်ရှိ အမှတ် (၃၉) အခြေခံပညာမူလတန်းကျောင်းဝင်း ကျောင်းပြင်ပများသို့ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်ပေးရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းထိုက်၊ ဘဏ္ဍာရေးမှူး ဦးအောင်ဝင်းနှင့် ပါတီကော်မတီ ဝင်များ အမက (၃၉) မှ ဆရာ/ဆရာမများ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ကြောင်း သိရသည်။အေးမင်းဇော်(မြောက်ဥက္ကလာ)

ထန်းတပင်မြို့ ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအထကအလကကျောင်းဆောင်များ ခြင်ဆေးဖျန်းခြင်းပြုလုပ်

 

ရန်ကုန် သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခြင်ဆေးဖျန်းခြင်းလုပ်ငန်း လုပ်ဆောင်ရာသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်း ပါတီကော်မတီဝင် ဦးသန်းမြင့်တို့၏ စီစဉ် ဆောင်ရွက်မှုဖြင့် အတွင်းသဲဖြူကျေးရွာ အထက(ခွဲ)၊ ကျိုက္ခနာကျေးရွာ အထက(ခွဲ)၊ ရေစိုမငေးစု-အထက်တန်းကျောင်း၊ ပန်းတိုင်ကျေးရွာ အထက်တန်းကျောင်း များတွင် ယမန်နေ့ နံနက် ၁၁ နာရီက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို မြို့နယ်ပါတီကော်မတီဝင်များ ဦးဆောင်၍ ပါတီလူငယ်အဖွဲ့မှ သွားရောက်လုပ်ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။ဇော်သိန်း(ထန်းတပင်)

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးမှ ရွှေပြည်သာ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ ဓမ္မာရုံများသို့ ဘိလပ်မြေ အိတ်များနှင့် အလှူငွေများ သွားရောက်လှူဒါန်း

 

ဇူလိုင် ၂၉

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်မှ ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီနှင့်အတူ ယမန်နေ့ နေလည်တွင် အမှတ် (၁၃) ရပ်ကွက် အနှိုင်းမဲ့ဂရုဏာ နာရေးကူညီမူ့ ပရဟိတအသင်းသူ အသင်းသားများနှင့် တွေ့ဆုံခဲပီး အနှိုင်းမဲ့ပရဟိတအသင်းအား သောက်ရေကန်ပြုလုပ်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ပီး အမှတ် (၁၉) ရပ်ကွက်ရှိ ဓမ္မာရုံသို့ ဘိလပ်မြေအိတ်များ သွားရောက်လှူဒါန်း ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထန်းတပင်မြို့နယ်ရှိ လမုကျေးရွာ ဘုန်းတော် ကြီးအား စားသောက်ဖွယ်ရာများ လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီးထန်းတပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပရွတ်ကျေးရွာအုပ်စု လမုကျေးရွာ ဘုန်းတော်ကြီးအား ရန်ကုန်တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းမြင့်နှင့်အတူ မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ စားသောက်ဖွယ်ရာများအား ယမန်နေ့ နံနက် ၁ဝ နာရီတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် အစုကြီးကျေးရွာအုပ်စု ကျိုက္ခနာကျေးရွာ၊ ရှမ်းစုကျေးရွာ ပါတီဥက္ကဋ္ဌ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် COVID-19 ရောဂါ အကြောင်းဆွေးနွေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်း စည်းများ ပေးအပ်တပ်ဆင်ပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဇော်သိန်း

သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုမ္ဗိနီဘိုးဘွားရိပ်သာသို့ လှူဖွယ်ပစ္စည်းများ ပေးအပ် လှူဒါန်း