မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စာသင်ကျောင်းဝင်းအတွင်း ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်

 

ရန်ကုန် သြဂုတ် ၎

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၁ဝနာရီတွင် မိုးရာသီ သွေးလွန်တုပ်ကွေးကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်ရာ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်ဂရုဏာအပိုင်ရှိ အမှတ် (၃၉) အခြေခံပညာမူလတန်းကျောင်းဝင်း ကျောင်းပြင်ပများသို့ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်ပေးရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းထိုက်၊ ဘဏ္ဍာရေးမှူး ဦးအောင်ဝင်းနှင့် ပါတီကော်မတီ ဝင်များ အမက (၃၉) မှ ဆရာ/ဆရာမများ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ကြောင်း သိရသည်။အေးမင်းဇော်(မြောက်ဥက္ကလာ)