အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ဒေသ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှစ်စဉ်ကြေး ပေးသွင်း

 

ပဲတိုင်းဒေသကြီး (အရှေ့ပိုင်း) တောင်ငူခရိုင် ပါတီကော်မတီဝင် အုတ်တွင်းမြို့နယ် နယ်မြေတာဝန်ခံ ဦးလွင်မြင့်၊ မြို့နယ်အတွင်းရေးမှူး ဦးအုန်းကျော် ၊ ဘဏ္ဍာရေးမှူး ဦးတင်အုန်း ထံသို့ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ဒေသ ပါတီဝင်နှစ် စဉ်ကြေး ကောက်ခံရှိသော ၅၀ ဦးအတွက် ပထမအရစ် နယ်မြေတာဝန်ခံ ဦးသန့်စင်ဝင်း ဦးမြင့်ဦးကျော် စည်းရုံးရေးမှူး ဦးဟန်လင်းအောင် တို့မှ မတ်လ (၆) ရက်နေ့တွင် ပါတီဝင်နှစ်စဉ်ကြေး ပေးသွင်းကြောင်း သတင်းရရှိသည်။

ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ (တာဝန်ခံ)နှင့် ဗဟိုကော်မတီဝင်များ မြန်မာ့ရိုးရာ လှည်းယာဉ်ကြော့ပြိုင်ပွဲ တက်ရောက်အားပေး

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ တောင်သူလယ် သမားရေးရာက ကြီးမှူးကျင်းပသည့် ယခုလ ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ် သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ လှည်းယာဉ်ကြော့ပြိုင်ပွဲအား ကျင်းပရာကွင်းတွင် ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ (တာဝန်ခံ) ဦးအောင်တင်မြင့်၊ ဗဟို ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုး၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဋ္ဌ များ၊ ညောင်လေးပင်မြို့နယ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးပိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

(more…)


ပါတီဝင်နှစ်စဉ်ကြေးပေးအပ်

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီခွဲတွင် ဝက်လာတောကျေး ရွာအုပ်စု ဒါးကုလားကျေးရွာနှင့် ညနေ ၄ နာရီတွင် ကျောက် ပုံတောင် ကျေးရွာအုပ်စု စပ်လှဲကျေးရွာများ တို့တွင် ကျေးရွာပါတီဥက္ကဋ္ဌတို့မှ နှစ်စဉ် ပါတီဝင်ကြေးများအသီးသီး ပေးအပ်ခဲ့ရာ ကျောက်ကြီးပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမြို့နယ်ပါတီဥက္ကဋ္ဌဦးလှဘုန်း နှင့်နယ်မြေတာဝန်ခံတို့မှ အဆိုပါ ကျေးရွာများမှနှစ်စဉ်ပါတီကြေးပေး အပ်ခြင်းကိုလက်ခံရယူခဲ့ကြသည်။

(more…)


ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

အမည်           ———————-   ဦးဌေးနိုင်
ပါတီ              ———————–    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း —————-  သိပ္ပံဘွဲ့(သင်္ချာ)၊ မဟာသိပ္ပံဘွဲ့ (ကာကွယ်ရေး)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ညောင်လေးပင်မြို့နယ်၊  ကျောက်တံခါးမြို့နယ် မဲဆန္ဒနယ်အမှတ်(၄)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း

 

(more…)


ရေတာရှည်မြို့နယ်ပါတီ အမျိုးသမီး၊ လူငယ်ရေးရာတွေ့ဆုံပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် အမျိုးသမီးရေးရာနှင့် လူငယ်ရေးရာတွေ့ဆုံပွဲကို ဒီဇင်ဘာ (၃၀) ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းလူငယ်ရေးရာ တာဝန်ခံ၊ တောင်ငူခရိုင် အတွင်းရေးမှူး၊ တောင်ငူခရိုင်အမျိုးသမီးနှင့် လူငယ်ရေးရာတာဝန်ခံ၊ ရေတာရှည်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာတာဝန်ခံ၊ လူငယ်ရေးရာ တာဝန်ခံ တို့က ဖွဲ့စည်းရေး၊ လုပ်ငန်းများဆောင်ရွက်ရေးတို့အတွက် ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ပါတီလုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးစောမော်ထွန်း သည် တိုင်းအတွင်းရေးမှူး ဦးညီညီမြင့်၊ တိုင်းကော်မတီဝင် ဦးရဲမြင့်ထွန်း ပဲခူးခရိုင်ပါတီဥက္ကဌ ဦးအောင်စိုး တို့လိုက်ပါလျှက် ယနေ့ (ဒီဇင်ဘာ ၂၇) ရက် နံနက် ၉ နာရီခွဲအချိန်တွင် ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကျေးစည်းမှူး အမှုဆောင်များနှင့်တွေ့ဆုံ၍ ပါတီတွင်းဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ ရွေးကောက်ပွဲပါတီအောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထန်းတပင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး/လူငယ်ရေးရာ တွေ့ဆုံပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ/ လူငယ်ရေးရာ တွေ့ဆုံပွဲကို ဒီဇင်ဘာ (၂၁) ရက်က ထန်းတပင်မြို့နယ်ပါတီရုံးတွင် ကျင်းပ ပြုလုပ်ရာ တွေ့ဆုံပွဲကို တောင်ငူခရိုင်ပါတီ အတွင်းရေးမှူး၊ တောင်ငူခရိုင် အမျိုးသမီးရေးရာနှင့် လူငယ်ရေးရာ တာဝန်ခံများ၊ ထန်းတပင်မြို့နယ် ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာနှင့် လူငယ်ရေးရာတာဝန်ခံများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ရေးရာကဏ္ဍအလိုက် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ပဲခူးမြို့ အထက(၃) မြတ်ဆရာပူဇော်ပွဲတက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီဝင် သူရဦးအေးမြင့်သည် အောက်တိုဘာ (၂၃) ရက် နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အထက (၃) YMBA ကျောင်းဆောင်တွင် ကျင်းပသည့် ပဲခူးမြို့ အမျိုးသားတန်းမြင့်ကျောင်း ၁၉၆၁-၆၂၊ ၁၉၆၂-၆၃၊ ၁၉၆၃-၆၄၊ ၁၉၆၄-၆၅ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ဟောင်းများ၏ အဋ္ဌမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲနှင့် ပြန်လည် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသည်။

thura-u-aye-myint

(more…)


ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းပြည်မတည်ငြိမ်မှုများ ပေါ်ပေါက်နေခြင်းအပေါ် တည်ငြိမ်အေးချမ်းမှု ဖြစ်ပေါ်လာရေး အတွက် တာဝန်ယူကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြား

တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်မှုအတွက် အတွေ့အကြုံရှိသည့် အားလျော်စွာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ယနေ့ မနက်ပိုင်းက ပြောသည်။

14681716_442118842629915_5534935110395038199_n

(more…)


ရွှေကျင်မြို့နယ်လုံးဆိုင်ရာ ၁၆၅ နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရွှေကျင်မြို့နယ်လုံးဆိုင်ရာ (၁၆၅)နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၇) ရက် နံနက် ၉ နာရီခွဲက ရွှေကျင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။