မိုင်းဆတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ခရိုင် မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၅) ရက် နံနက် (၉) နာရီအချိန်က မိုင်းဆတ်မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ပြည်နယ်ပါတီ အလုပ်အမှုဆောင် ဦးရှာမွေလရှန်၊ ဦးစိုင်းလုံတို့ တက်ရောက်ခဲ့ကြသည်။

13615018_1190647920975022_71785592512934390_n 13603808_1190647850975029_3643961859593379815_o

(more…)


ရေတာရှည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ ပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

13529182_472694316270766_1792571135383150445_n

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဇွန်လ (၂၉) ရက် နံနက်က မြို့နယ်အဆင့် မျက်နှာစုံညီရွေးချယ်ပွဲအပြီး ပထမဦးစွာ ပြုလုပ်သည့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံမြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံပွဲ၍ ပါတီ၏ ရှေ့လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Usdp Yedashe

အုတ်တွင်းပြည်ခိုင်ဖြိုး မျက်နှာစုံညီအစည်းအဝေး နှင့် ပြန်လည် ဖွဲ့စည်းရေးကျင်းပ

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြုးရေးပါတီ မျက်နှာစုံညီအစည်းအဝေး နှင့် ပြန်လည်ဖွဲ့စည်းရေးကို ဇွန်လ (၁၆) ရက် နံနက် (၁၀) နာရီမှ ညနေ (၂) နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

13502087_397065137135286_4243034920744882754_n

(more…)


ကျောက်ကြီးပြည်ခိုင်ဖြိုးပါတီမျက်နှာစုံညီ အစည်းအဝေး နှင့် ပြန်လည် ဖွဲ့စည်းရေးကျင်းပ

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ဖွဲ့စည်းရေးကို ဇွန်လ (၁၈) ရက် နံနက် (၁၀) နာရီမှ ညနေ (၂) နာရီခွဲအချိန်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး နယ်/လုံဝန်ကြီး(ငြိမ်း) ဦသက်ထွန်း၊ တောင်ငူခရိုင် ပြည်ခိုင်ဖြိုး ပါတီ ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီအတွင်းရေး မှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အသီးသီးမှ ပ/ဒု ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ကျောက်တံခါးမြို့နယ်ပြည်ခိုင်ဖြိုး မျက်နှာစုံညီစည်းဝေး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ကျောက်တံခါးမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီနာယက၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (ငြိမ်း) ဦးသိန်းဆွေမှ အမှာစကား ပြောကြား၍ ခရိုင်ပါတီ အတွင်းရေမှူး ဦးအောင်စိုးက လုပ်ငန်းလမ်းညွှန်ချက် များ ပြောကြားခဲ့သည်။

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တောင်ငူခရိုင်ပါတီ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ သဘာပတိကြီးနှင့် ရေတာရှည်မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုမှ စည်းရုံးရေးမှူးနှင့် ဒုတိယခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။

ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းရေးကို ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး၌ ယနေ့ (ဇွန်လ ၉ ရက်) နံနက် (၁၀) နာရီတွင် စတင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် တောင်ငူခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီ ကော်မတီဝင်များမှ ဦးဆောင်ကာ ကျင်းပပေးခဲ့သည်။