ဇီးကုန်းမြို့နယ်တွင် ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် တာဝန်ပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး ခန်းမဆောင်တွင် စက်တင်ဘာလ (၁၀) ရက် နံနက် ၉ နာရီက ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ၊ လစဉ်ပါတီပုံမှန်အစည်းအဝေး နှင့် ပါတီဝင်များကို တာဝန် ပေးအပ်ပွဲ ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီးပါတီ ဗဟိုဦးဆောင်နာယက ခရိုင်/မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင်ရှိ ပြည်ခိုင်ဖြိုးခရိုင်ရုံး ရွှေသီဟခန်းမ၌ စက်တင်ဘာ (၆) ရက် န့နံနက် ၁ဝ နာရီက ခရိုင်ပြည်ခိုင်ဖြိုးပါတီနှင့် ၎င်းခရိုင်အတွင်းရှိ မြို့နယ်ပါတီ များ၏ အစည်းအဝေးပွဲကိုကျင်းပခဲ့၏။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ပါတီ ဗဟိုဦးဆောင်နာယက အတိုင်ပင်ခံ ဦးဥာဏ်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးစောမော်ထွန်းက အမှာစကားပြောကြားကာ မြို့နယ်အသီးသီးမှ ပါတီဥက္ကဋ္ဌများက မိတ်ဆက်ခြင်း နှင့်မြို့နယ်များအတွင်းမိမိတို့ပါတီ ဆောင်ရွက်နေမှုများကို တင်ပြကြသည်။

ပါတီဖွဲ့စည်းရေးဆိုင်ရာများ ရှင်းလင်းဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် တိုင်းကော်မတီဝင် များသည် သြဂုတ်လ (၃၁) ရက် နံနက် (၁၁) နာရီအချိန်တွင် တောင်ငူခရိုင်ပါတီရုံး၌ တောင်ငူခရိုင်နှင့် တောင်ငူမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား တွေ့ဆုံ၍ ဖွဲ့စည်းရေးဆိုင်ရာကိစ္စများ ရှင်းလင်းဆွေနွေးခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ခရိုင်ပါတီကော်မတီဝင် မိသားစုကို အားပေးကူညီထောက်ပံ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း နှင့် တိုင်းပါတီကော်မတီဝင်များ၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့မှ မြို့နယ်ပါတီဥက္ကဋ္ဌ များနှင့် ပါတီကော်မတီဝင်များသည် ပုဒ်မ ၆၆(ဃ)ဖြင့် ပြစ်ဒဏ် ကျခံနေရ သည့် တောင်ငူခရိုင် ပါတီကော်မတီဝင် ဦးလွင်မြင့် (နေကာရံ) ၏ မိသားစုဝင် များအား ကျွဲပွဲမြို့ အမှတ်( ၁ ) ရပ်ကွက် ခင်ကြီးနေအိမ်သို့ သွားရောက်၍ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးနှစ်သိမ့်ကာ ထောက်ပံ့ကူညီမှုများ ပေးခဲ့ကြောင်း သိရသည်။

ပါတီလစဉ်ပုံမှန်စည်းဝေးပွဲနှင့် မိတ်ဆုံစားပွဲကြို့ပင်ကောက်တွင်ကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ကြို့ပင်ကောက် ပြည်ခိုင် ဖြိုးရုံးခန်းမအတွင်း ယနေ့နံနက် ပိုင်းကကျင်းပသော လစဉ်ပုံမှန် စည်းဝေးပွဲနှင့်မိတ်ဆုံစားပွဲ၌အခမ်း အနားမှူးဒေါ်တင့်တင့်ခိုင်က ဖွင့် လှစ်ကြောင်းကြေညာသည်။

ထို့နောက် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ(ငြိမ်း)ဦးဝင်းမြင့်စိုးက အဖွင့် အမှာစကားနှင့်အတိတ်အနာဂတ် အတွက် သင်ခန်းစာယူရမည့် ကိစ္စ ရပ်များကိုထည့်သွင်းဆွေးနွေးကာ ပါတီ၏ဖွဲ့စည်းပုံကို ရှင်းပြသည်။
ထို့နောက် ပါတီတိုင်းကော် မတီဝင် ဦးယဉ်ထွေးက ပါတီ အကြောင်း သိကောင်းစရာများကို ဆွေးနွေး၍ ပြည်ခိုင်ဖြိုးမြို့နယ် ဥက္ကဋ္ဌဦးတင်စိုးက ပါတီ၏ရှေ့ လုပ်ငန်းစဉ်များကိုဆွေးနွေးသည်။
အခမ်းအနားကို အစီအစဉ် ငါးရပ်ဖြင့်ကျင်းပခဲ့ပြီး မိတ်ဆုံစား ပွဲအစီအစဉ်ကို ကျင်းပခဲ့သည်။

ရေဘေးရှောင်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ဆန်အိတ်များလှူဒါန်း

အုတ်ဖိုမြို့နယ် မှက္ကဒန်ကျေးရွာတွင် ယခုလ ၈ ရက် မွန်းလွဲ ၂ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရေဘေးရှောင် ပြည်သူများအား ဆန်အိတ်များ လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းမှုတွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးတင်ထွေးနှင့်အဖွဲ့က မှက္ကဒန်-တက်ဆွဲပန်းတာပေါ်၌ ရွှေ့ပြောင်းနေထိုင်ကြသည့် ရေဘေးရှောင်အိမ်ထောင်စု ၄၅ စုမှ လူဦးရေ ၁၇၇ ဦးအတွက် ဆန် ၁ဝ အိတ် တန်ဖိုးငွေကျပ် ၂၃ဝဝဝဝ အား လှူဒါန်းခဲ့ကြောင်း သိရသည်။

ပဲခူး(အနောက်)ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေးဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်း

ပဲခူး(အနောက်)ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် (၈း၀၀)အချိန်တွင် ပြည်မြို့နယ် အနောက်ရွာသစ်တိုက်နယ်ရှိ ဇလုံကျေးရွာအုပ်စုမှ အိမ်ထောင်စု (၁၆၂)စု၊ ကန်သာလင်းကျေးရွာအုပ်စုမှ အိမ်ထောင်စု(၃၁၀)စုနှင့် အနောက်လခုတ်ပင်အုပ်စုမှ အိမ်ထောင်စု(၁၈၀)၊စုစုပေါင်းအိမ်ထောင်စု (၆၅၂)စုအား ဆန်တစ်ပြည်ခန့်အထုပ် (၆၅၂)ထုပ်ကို ပြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥကဌ၊ အတွင်းရေးမှူးအပါအ၀င် မြို့နယ်ပါတီကော်မတီဝင်များနှင့် စည်းရုံးရေးမှူးများ ပူးပေါင်းအင်အား (၁၅)ဦးဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

အောင်တိုး(ပြည်မြို့နယ်)

ပဲခူး(အနောက်) ပြည်ခိုင်ဖြိုးပါတီမှ ရေးဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်း

ပဲခူး (အနောက်) ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် (၈း၃၀)အချိန်တွင် ပြည်မြို့နယ်၊ ပြည်သာယာရပ်ကွက်အတွင်းရှိ ကယ်ဆယ်ရေးစခန်း(၄)ခုမှ အိမ်ထောင်စု (၁၃၇)စုသို့ ခေါက်ဆွဲခြောက် (၁၃)ဖာ၊ ဆပ်ပြာမှုန့်ထုပ်(၂၀၀)နှင့် ရေသန့်ဆေးမှုန့်ထုပ်(၂)ပါကင်တို့အားလည်းကောင်း၊ ပြည်မြို့နယ်၊နတ္တလင်းတိုက်နယ် ငါးရွာအုပ်စုအတွင်းရှိ တောင်ကုန်းကျေးရွာနှင့် ရှမ်းစုကျေးရွာတို့မှ အိမ်ထောင်စု (၂၂၅)စုသို့ ဆန်(၁) ပြည် ခန့်ထုပ်(၂၂၅)ထုပ်နှင့် ဖယောင်းတိုင်အထုပ် (၂၀၀)တို့ကို ပြည်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ၊ အတွင်းရေးမှူးအပါအ၀င် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အရံပါတီ ကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များ စုစုပေါင်း အင်အား(၄၀)ခန့် သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိသည်။

ရေကြီးနစ်မြုပ်ကျေးရွာအုပ်စုများသို့ ပြည်ခိုင်ဖြိုးအဖွဲ့သွားရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ယမန်နေ့နံနက် ၉ နာရီတွင် ရေကြီးနစ်မြုပ်ကျေးရွာပြည်သူများအား ဆန်နှင့်စားသောက်ဖွယ်ရာများ၊ ခေါက်ဆွဲ ခြောက်များပေးအပ်လှူဒါန်းခဲ့သည်။

ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးထူးခိုင်၊ ခရိုင်ကော်မတီဝင် ဦးအောင်မိုးဦး၊ မြို့နယ်အလုပ်အမှုဆောင်များလိုက်ပါလျက် ဇီးကုန်း မြို့နယ် စပါယ်မြောင်ရွာ၊ တောင်ရေကန်၊ အလယ်ကုန်း၊ လှေစုကုန်း၊ ကတက်ကုန်း ကျေးရွာများသို့ သွားရောက်ကာ ရေနစ်မြုပ်နေသောကျေးရွာ ပြည်သူများနှင့်တွေ့ဆုံအားပေးစကားပြောကြားပြီး အစား အသောက်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပါတီလစဉ်ပုံမှန်စည်းဝေးပွဲနှင့် မိတ်ဆုံစားပွဲကြို့ပင်ကောက်တွင်ကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ကြို့ပင်ကောက် ပြည်ခိုင် ဖြိုးရုံးခန်းမအတွင်း ယနေ့နံနက် ပိုင်းကကျင်းပသော လစဉ်ပုံမှန် စည်းဝေးပွဲနှင့်မိတ်ဆုံစားပွဲ၌အခမ်း အနားမှူးဒေါ်တင့်တင့်ခိုင်က ဖွင့် လှစ်ကြောင်းကြေညာသည်။

ထို့နောက် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ(ငြိမ်း)ဦးဝင်းမြင့်စိုးက အဖွင့် အမှာစကားနှင့်အတိတ်အနာဂတ် အတွက် သင်ခန်းစာယူရမည့် ကိစ္စ ရပ်များကိုထည့်သွင်းဆွေးနွေးကာ ပါတီ၏ဖွဲ့စည်းပုံကို ရှင်းပြသည်။
ထို့နောက် ပါတီတိုင်းကော် မတီဝင် ဦးယဉ်ထွေးက ပါတီ အကြောင်း သိကောင်းစရာများကို ဆွေးနွေး၍ ပြည်ခိုင်ဖြိုးမြို့နယ် ဥက္ကဋ္ဌဦးတင်စိုးက ပါတီ၏ရှေ့ လုပ်ငန်းစဉ်များကိုဆွေးနွေးသည်။
အခမ်းအနားကို အစီအစဉ် ငါးရပ်ဖြင့်ကျင်းပခဲ့ပြီး မိတ်ဆုံစား ပွဲအစီအစဉ်ကို ကျင်းပခဲ့သည်။