မြို့နယ်မျက်နှာစုံညီ အစည်းအဝေးကျင်းပနိုင်ရေး ညှိနှိုင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းအဆင့်စုံညီအစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်မြို့ရှိတိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါညှိနှိုင်းပွဲသို့ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့မှ ကော်မတီဝင်များ၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ အတွင်းရေးမှူးများ စုံညီ စွာတက်ရောက်ခဲ့ပြီး မြို့နယ်မျက်နှာစုံညီအစည်းအဝေးကျင်းပနိုင်ရေး အတွက် တိုင်းအဆင့် စုံညီအစည်းအဝေးကို ကျင်းပခဲ့ကြောင်းသိရ သည်။

သူရအောင်(ပြည်)

ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးရုံးတွင် ခရိုင်ပါတီအတွင်းရေးမှူး အမာခံကေဒါများနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမအတွင်း ဇွန်လ (၉) ရက်နေ့ နံနက် (၁ဝ) နာရီက ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ ခရိုင်ပါတီအတွင်းရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးစည်သူအောင် တို့သည် ရပ်/ကျေး (၅၉) အုပ်စုမှ အမာခံများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်အိအိမွန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁ဝဝ) နီးပါးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။