ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကြို့ပင်ကောက် မြို့နယ် အမာခံကေဒါ များနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် အဖွဲ့သည် နိုဝင်ဘာ (၂၆) ရက် မွန်းလွဲ ၁၂ နာရီခွဲ က ကြို့ပင်ကောက်မြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံးခန်းမအတွင်း ကြို့ပင်ကောက်မြို့နယ် အမာခံကေဒါ ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး ရေးရာကဏ္ဍ အသီးသီးတို့ကို ဆွေးနွေးကြသည်။

ပါတီလုပ်ငန်းနှင့် စည်းရုံးရေးလုပ်ငန်းများ စွမ်းရည်မြှင့်တင်ရေး တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) နတ်တလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေးအတွက် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီ ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ (၂၆) ရက် နံနက် (၈) နာရီက ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အမှာစကားပြောကြားပြီးနောက် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များက မြို့နယ်ပါတီ၏ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။

ဗဟိုအလုပ်အမှုဆောင် (လူငယ်ရေးရာတာဝန်ခံ) နှင့်အဖွဲ့ တိုင်း/ခရိုင်/မြို့နယ်ပါတီ လူငယ်ရေးရာတာဝန်ခံများနှင့် တွေ့ဆုံ

14956477_1169369473157996_8473248828058627320_n

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုလူငယ်ရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အောင်မြတ်ဦးနှင့် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒေါက်တာနန္ဒာလှမြင့်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင် ဒေါ်ခင်ရွှေမြင့် တို့သည် ယနေ့ (၁၁.၁၁.၂၀၁၆) ရက်နေ့ နံနက် (၉) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပါတီရုံး၌ တိုင်း/ခရိုင်/မြို့နယ် လူငယ်တာဝန်ခံများနှင့် တွေ့ဆုံပွဲပြုလုပ်ရာ တိုင်းပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တိုင်းပါတီကော်မတီဝင်များ ခရိုင်(၂)ခရိုင် မှ ဥက္ကဋ္ဌများနှင့် လူငယ်တာဝန်ခံများ မြို့နယ်(၁၄)မြို့နယ်မှ လူငယ်တာဝန်ခံများ စုစုပေါင်း အင်အား(၇၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

ပေါင်းတည်မြို့နယ်ပါတီ (လပါတ်) ပုံမှန်အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (လပါတ်) ပုံမှန်အစည်းအဝေးကို နိုဝင်ညာ (၉) ရက် နံနက် (၉) နာရီအချိန်က ပေါင်းတည်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ထားထားနု၊ ပြည်ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်နိုင်ဦး၊  အတွင်းရေးမှူး ဦးမျိုးမင်းဇော် နှင့် ပါတီကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။

paung-te1

(more…)


ပြည်ရွှေဆံတော်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းပါတီဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ ပါဝင်လောင်းလှူပူဇော်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး (၂၆ဝ၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို နိုဝင်ဘာ (၇) ရက်နံနက် ၆ နာရီတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

15027590_705474139606262_8720223057949361118_n

(more…)


ကြို့ပင်ကောက်မြို့နယ်လုံးကျွတ် (၇၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြည်ခိုင်ဖြိုးက ပါဝင်လောင်းလှူ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်လုံးကျွတ် (၇၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်း လှူပွဲကို အောက်တိုဘာ (၁၇) ရက် မွန်းလွဲ ၂ နာရီက ကျင်းပရာ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်စုများ၊ တစ်ဦးချင်းအနေဖြင့်လည်းကောင်း အသီးသီးတို့က မဏ္ဍပ်များထိုးကာ လှူဒါန်းမှုအစုစု တို့ကို သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

kyo-pin-kyauk

(more…)


ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကူးလ်သင်တန်းသားသင်တန်းသူများအား အာဟာရဒါန လှူဒါန်း တွေ့ဆုံပွဲ ကျင်းပ

pyi

 

ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်း ဒေသကြီး ကော်မတီဝင် ဦးမျိုးအောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ကော်မတီဝင်များသည် ပြည်မြို့နယ် ဇီးအုပ်အုပ်စု ရွှေမြှောင်ကျေးရွာ ရွာဦးကျောင်းဆရာတော်အား ဝါကျွတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ရွာကျောင်း၌သင်ကြားလျက်ရှိသော ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူ ၁၁၅ ဦးတို့အား ပလာတာဖြင့် အာဟာရဒါနလှူဒါန်းခြင်း ပြုလုပ်ပြီးနောက် အောက်တိုဘာ (၁၅) ရက် နံနက် ၇ နာရီမှ ၁၁ နာရီထိ ရွှေမြှောင် ကျေးရွာပါတီ၏အမာခံကေဒါများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ခရိုင်ပါတီရုံးတွင် တောင်သူလယ်သမားရေးရာဆွေးနွေး

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်ပြည်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယခုလ ၉ ရက် ည (၇) နာရီက ပါတီ ဗဟိုအလုပ် အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်နှင့် ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်မှ တောင်သူလယ်သမား ရေးရာတာဝန်ခံများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

pyi

(more…)


ပြည်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီ ပါဝင်လောင်းလှူ

ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်းကြီး၏ (၃၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲအား အောက်တိုဘာ (၁) ရက်နေ့က ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးအောင်၊ စီမံနှင့်ခရိုင်ဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ကော်မတီ ဝင်များနှင့် ပါတီဝင် (၇၃) ဦးတို့ ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လှူဒါန်းကြသည်။

ပေါက်ခေါင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးလှိုင်မြင့်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များဦးစီး၍ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ NGO အဖွဲ့များအား စက်တင်ဘာ (၁၉) ရက် ညနေ ၅ နာရီမှ ည ၈ နာရီထိ မြို့နယ်ပါတီရုံး၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး စက်တင်ဘာ (၂၀) ရက် နံနက်ပိုင်းတွင် ပါတီရုံးဝင်း အတွင်း၌ပါတီဝင်များက ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များမှ သံဃာတော် အရှင်သူမြတ် (၁၇၉) ပါးအား အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။