ပြည်ခရိုင်ပါတီရုံးတွင် တောင်သူလယ်သမားရေးရာဆွေးနွေး

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်ပြည်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယခုလ ၉ ရက် ည (၇) နာရီက ပါတီ ဗဟိုအလုပ် အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်နှင့် ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်မှ တောင်သူလယ်သမား ရေးရာတာဝန်ခံများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

pyi

အဆိုပါတွေ့ဆုံပွဲသို့ တိုင်းဒေသကြီးပါတီ ဒုတိယဥက္ကဋ္ဌဦးအောင်ချိုဦး၊ ဒေါ်ခင်ရွှေမြင့် (တိုင်းဘဏ္ဍာရေးမှူး)၊ ဦးမျိုး (တိုင်းကော်မတီဝင်-စီမံရေး)၊ ဒေါ်ဆွေဆွေသင်း (ပြည်ခရိုင်အတွင်းရေးမှူး)၊ ဦးဝင်းမော် (ခရိုင်တောင်သူလယ် သမား တာဝန်ခံ)၊ ခရိုင်အရန်ကော်မတီဝင် ဦးလှမင်းနှင့် ခြောက်မြို့နယ်မှ တောင်သူလယ်သမားရေးရာ တာဝန်ခံ များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

သူရအောင်(ပြည်)


Leave a Reply