တိုင်းပါတီဒုဥက္ကဋ္ဌနှင့်အဖွဲ့ ကြို့ပင်ကောက်ပါတီဝင်များနှင့် တွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး ပါတီဒုတိယဥက္ကဌ ဦးအောင်ချိုဦး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်း အတွင်းရေးမှူး ဦးကျော်ကျော်လင်း နှင့် တိုင်းပါတီကော်မတီဝင်များအဖွဲ့သည် ၁၄.၁၂.၂၀၁၆ရက်နေ့ နံနက် ၈း၄၀အချိန် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ရောက်ရှိပြီး မြို့နယ်ပါတီဥက္ကဌ ဦးတင်စိုးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များအား ပါတီ၏ရှေ့ဆက်သွားမည့် လုပ်ငန်းများဆွေးနွေးခြင်း၊ အမာခံပါတီဝင် အင်အားစာရင်းများ သေချာစွာ ပြုလုပ်နိုင်ရေးတို့အား ဆွေးနွေးကြပါသည်။

ကြိုပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကွင်းဆင်းဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးတင်စိုး၊ မြို့နယ်ကော်မတီဝင် များဖြစ်ကြသော ဦးဖိုးဝင်း၊ ဦးအောင်ကိုလတ်၊ ဦးတင်အောင်တို့ သည် ဒီဇင်ဘာ (၁၂) ရက် နံနက် (၉) နာရီအချိန်က ကြို့ပင်ကောက်မြို့နယ် လိမ္ပင်ကွင်းကျေးရွာအုပ်စုသို့ သွားရောက်၍ ဒေသခံ ကော်မတီဝင်များနှင့်အတူ အမာခံပါတီဝင်စီစစ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး(အနောက်) တွင် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ (၁၀) ရက် နံနက် ၁ဝနာရီခွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ လူငယ်ရေးရာတာဝန်ခံများ၊ အလုပ်သမားရေးရာ တာဝန်ခံ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

ကြို့ပင်ကောက် ပြည်ခိုင်ဖြိုး လစဉ်ပုံမှန် စည်းဝေးပွဲ ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီခွဲက ရုံးခန်းမအတွင်း လပတ် မျက်နှာစုံညီအစည်းအဝေးကျင်းပရာ အစည်းအဝေးသို့ ခရိုင်ပါတီ ကော်မတီဝင်ဦးသန့်ဇင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်စိုး၊ အတွင်းရေးမှူး ဦးစည်သူအောင်တို့က ပါတီရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကိုအကျယ်တဝင့်ဆွေးနွေးကြသည်။ ယင်းနောက်ကျေးရွာ အုပ်စု ပါတီကေဒါခေါင်းဆောင်များက အကောင်အထည်ဖော်ဆောင်ရွက် နေမှုများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်း/ခရိုင်/မြို့နယ် စုံညီအစည်းအဝေးကျင်းပပြုလုပ်

ယနေ့ 6.12.2016ရက်နေ့ နံနက်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီ၊ခရိုင်ပါတီ၊မြို့နယ်ပါတီများ စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌဦးအောင်ချိုဦးနှင့်ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်းပါတီကော်မတီဝင်များ၊ပြည်ခရိုင်၊သာယာဝတီခရိုင်တို့မှ ခရိုင်ပါတီဥက္ကနှင့်ကော်မတီဝင်များ၊မြို့နယ်(၁၄)မြို့နယ်တို့မှ မြို့နယ်ပါတီဥက္ကဌများတက်ရောက်ကြပါသည်။


ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အမျိုးသမီးရေးရာတွေ့ဆုံပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပြည်မြို့ တိုင်းပါတီရုံးတွင်
တိုင်းအမျိုးသမီးရေးရာတာဝန်ခံ၊ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ၊(၁၄)မြို့နယ်မှ
အမျိုးသမီးရေးရာတာဝန်ခံများတက်ရောက်ပြီးအမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်လုံခြုံရေးအတွက် ဆွေးနွေုးကြပါသည်။


ဇီးကုန်းမြို့နယ်ပြည်ခိုင်ဖြိုးမှ အမျိုးသမီးရေးရာဥပဒေကဏ္ဍ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာကဏ္ဍမှ ကြီးမှူးကျင်းပသော အမျိုးသမီးရေးရာ ဥပဒေကဏ္ဍ ပညာပေးဟောပြောပွဲကို ယနေ့ (ဒီဇင်ဘာ ၁ ရက်) နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပရာ တိုင်းပါတီမှ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ထားထားနု နှင့် ဥပဒေပညာရှင်များက တက်ရောက်ဟောပြောခဲ့ပါသည်။

ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်းနှင့် ပြည်ခရိုင် မီဒီယာတာဝန်ခံ ဦးအောင်ဇော်အေးတို့အဖွဲ့သည် နိုဝင်ဘာ (၂၈) ရက် နံနက် (၉) နာရီက ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ပြည်မြို့နယ် ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဝင်များ စိစစ်ခြင်းပြီးစီးမှုရှိမရှိ၊ ရေးရာကဏ္ဍများအခြေအနေများကို ကျစ်လျစ် ခိုင်မာစွာရှိရေး၊ မြို့နယ်ကော်မတီဝင်များအား ရေးရာအလိုက် တစ်ဦးချင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းတည့် ၁၂နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းသည် တိုင်းဒေသကြီး ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တိုင်းစီမံရေးရာ ပြည်/ရွှေတောင် တာဝန်ခံ ဦးမျိုးအောင်နှင့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်းတို့သည် ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ခရိုင် ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ် ပါတီကော်မတီဝင်များ၊ အမာခံကေဒါများနှင့် နိုဝင်ဘာ (၂၄) ရက် နံနက်က တွေ့ဆုံခဲ့ပြီး မွန်းလွဲ ၃ နာရီ ပြည်မြို့ရှိ မြို့နယ်ပါတီကော်မတီဝင်များ၊ ၆၉ အုပ်စု စည်းရုံးရေးမှူး၊ အမှုဆောင်များအား တစ်ဦးချင်း တွေ့ဆုံ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။