မိုးညိုတွင် ပြည်ခိုင်ဖြိုးပါတီလပတ်စုံညီအစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် မိုးညိုမြို့နယ် ပြည်ခိုင် ဖြိုးပါတီ၏ လပတ်စုံညီအစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီက ကျင်းပသည်။
စုံညီအစည်းအဝေးတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးထွန်းဝေက တက်ရောက်လာသူများကို ပွင့် လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပါတီဝင်အင်အားရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူ နှင့်လက်ပွန်းတတီးနေထိုင်လုပ် ဆောင်ကြရန်၊ ပါတီအင်အားရရှိ ရေး ဆောင်ရွက်ရာတွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီး ပြည်သူလူထုအကြည်ညိုပျက်စေ မည့် နေထိုင်သွားလာမှုမျိုး မပြု လုပ်ကြရန် မြို့နယ်အလုပ်အမှု ဆောင်များအနေဖြင့် မိမိတို့တာဝန် ချထားသည့်ရပ်ကွက်၊ကျေးရွာများ အတွင်းလုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များကို တင်ပြဆွေးနွေးရန်၊ သို့မှသာ နိုင်ငံ့အကျိုး၊ ပါတီအကျိုး အားစုပေါင်းလုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း၊ လပတ်အစည်းအဝေး အား မပျက်မကွက်တက်ရောက် ကြရန်နှင့် အထက်ညွှန်ကြားချက် များအား လိုက်နာဆောင်ရွက်ကြ ရန် ပြောကြားခဲ့ပြီး အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

ကိုမင်း(မိုးညို)


Leave a Reply