ဘရာဇီး ဂန္ထ၀င်ဘောလုံးသမားကြီး ပီလီ၏ အမှတ်တရပစ္စည်းများ ရောင်းချတော့မည်

2304442-full-lnd

လန်ဒန်- ဘောလုံးလောကတွင် နှစ်ပေါင်း (၆၀) ကြာမြင့်ပြီးနောက်ဘရာဇီးဂန္ထ၀င်ဘောလုံးသမားကြီး ပီလီသည် ဘောလုံးသမား ဘ၀တစ်လျှောက် စုဆောင်းခဲ့သော အမှတ်တရပစ္စည်းများကို ရောင်းချရန် ဆုံးဖြတ်လိုက်သည်။

ပီလီ၏ ဘောလုံးသမားဘ၀အမှတ်တရပစ္စည်းများကို လန်ဒန်မြို့တွင် လာမည့်လအတွင်း ရောင်းချမည်ဖြစ်ပြီး ဘရာဇီး တိုက်စစ်မှူးကြီး၏ (၁၅) နှစ်သားအရွယ်က ဆန်းတို့စ်အသင်းနှင့် ပထမဆုံး စာချုပ် ချုပ်ဆိုခဲ့ချိန်က စ၍ ဘောလုံး လောကမှ အနားယူချိန်အထိ စုဆောင်းခဲ့သော အမှတ်တရပစ္စည်းများ ပါဝင်မည်ဖြစ်သည်။

လာမည့်ရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကို ဘာစီလိုနာ မိတ်ဆက်

Barselonar

ဘာစီလိုနာအသင်းသည် ဥရောပဖလားကို ပထမဆုံးအကြိမ်ရရှိခဲ့စဉ်က ဝတ်ဆင်ခဲ့သောဝတ်စုံကို အမှတ်တရ အထိမ်းအမှတ် အဖြစ် လာမည့်ရာသီတွင် အိမ်ကွင်း ဝတ်စုံအဖြစ် ဝတ်ဆင်မည်ဖြစ်သည်။

၁၉၉၂ က ဥရောပဖလားရရှိခဲ့သော ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘာစီလိုနာနှင့် Nike တို့ပူးပေါင်းကာ အိမ်ကွင်းဝတ်စုံ ဖန်တီးလိုက်ခြင်းဖြစ်သည်။

စပိန်ထိပ်သီဘာစီလိုနာအသင်းသည် ထိုစဉ်က လက်ရှိဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးမန်း၏ အချိန်ပိုအနိုင်ဂိုး ဖြင့် ဝင်ဘာလေကွင်းတွင် ဖလားရရှိခဲ့ခြင်း ဖြစ်သည်။

လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နှင့် မန်ယူအသင်း ၂၀၂၀ ပြည့်နှစ်အထိ စာချုပ် ချုပ်ဆို

57378378378

အသက် (၁၈) နှစ်အရွယ် မန်ယူတိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်သည် အသင်းနှင့် ၂၀၂၀ ပြည့်နှစ်အထိ ရှိမည့် စာချုပ်သစ်ကို ချုပ်ဆိုလိုက်သည်။

လူငယ်တိုက်စစ်မှူးသည် ဖေဖော်ဝါရီက ကစားခဲ့သော မစ်ဂျီလန်းနှင့် ပွဲ၌ မန်ယူအသင်းကြီးတွင် ပထမဆုံး ပါဝင် ကစားခဲ့ပြီး နှစ်ဂိုးသွင်းယူခဲ့ကာ တစ်ရာသီအတွင်း (၁၈)ကြိမ် ကစားခွင့်ရခဲ့ပြီး ရှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ရက်ရှ်ဖို့ဒ်သည် ယူရို ၂၀၁၆ ပြိုင်ပွဲဝင် အင်္ဂလန်ပဏာမ ၂၆ ဦးစာရင်းတွင် ပါဝင်ခဲ့ပြီး သောကြာနေ့က သြစတြေးလျနှင့် ပွဲ၌ ပထမဆုံး ပါဝင်ကစားကာ တစ်ဂိုးသွင်းယူခဲ့သည်။

ပြန်ပေးဆွဲခံထားရတဲ့ မက္ကဆီကို လက်ရွေးစင်တိုက်စစ်မှုး ပြန်လည် လွတ်မြောက်လာ

13346982_1022227401205414_6134089654206299209_n

နိုင်ငံတကာ ဘောလုံး သမားတစ်ယောက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မက္ကဆီကို အရှေ့ မြောက်ဘက်မှာ ပါတီပွဲတစ်ခုက အပြန် လူတစ်စုရဲ့  ဖမ်းဆီးခေါ်ဆောင် သွားခြင်းကို ခံလိုက်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ အပြီးမှာ အခုတော့ ထို ဘောလုံးသမားကို ပြန်လည် ကယ်တင်လိုက်နိုင်ပြီဖြစ်တယ်လို့ တရားဝင် သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံ ဟာမီလ်တန် ယခုနှစ်အတွက် ပထမဆုံးနိုင်ပွဲ ရရှိ

13329422_1721146581471559_6783166270919151740_o

Photo: AFP

၂၀၁၆ ရာသီ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ၏ ဆဋ္ဌမမြောက်ပွဲစဉ်ဖြစ်သည့် မိုနာကို ဂရင်းပရီပြိုင်ပွဲကို မေ ၂၉ ရက်က ကျင်းပခဲ့ရာ မာစီးဒီးစ်အသင်းမှ လက်ရှိ ကမ္ဘာ့ချန်ပီယံ ဗြိတိန်နိုင်ငံသား လူးဝစ်ဟာမီလ်တန် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

မြန်မာ့ရိုးရာလက်ဝှေ့ရွှေခါးပတ်ချန်ပီယံ ပြိုင်ပွဲတွင် ၅၆ ဦး ပါဝင်ယှဉ်ပြိုင်မည်

အဋ္ဌမအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ် ချန်ပီယံပြိုင်ပွဲတွင် လက်ဝှေ့က လပ် ၂၀ မှ ကစားသမား ၅၆ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် ၀ိတ်တန်းခုနစ်တန်း ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ဇွန်လ ၂၅  နှင့်၂၆ ရက်တို့၌ ကွာတားဖိုင်နယ် အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

တမိုင်ခရီးကို ၃ မိနစ်အတွင်း ပန်းဝင်နိုင်သည့် ပထမဆုံး ၀ှီးချဲ အပြေးသမား

Britain-paralympic-champion-David-Weir-Reuters

ဗြိတိန်က မသန်စွမ်းချန်ပီယံ ဒေးဗစ်ဝီယာ (David Weir) ဟာ ၁ မိုင်ခရီးကို ၃ မိနစ်အတွင်းမှာပဲ ပန်းဝင်နိုင်တဲ့ ပထမဆုံး ၀ှီးချဲ အပြေးသမား ဖြစ်လာပါတယ်။ ၀ီယာဟာ လန်ဒန်မာရသွန်မှာ ချန်ပီယံ ၆ ကြိမ် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဟူးလ်စီးတီး ပရီးမီးယားလိဂ်သို့ ပြန်လည် တက်ရောက်

737863786378

ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံရှစ် ရှုံးထွက်ဗိုလ်လုပွဲ၌ မိုဟာမက်ဒီယမ်မီ၏ သွင်းဂိုးဖြင့် ဟူးလ်စီးတီးက ရှက်ဖ်ဖီးဝက်နက်စ်ဒေး အသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရရှိခဲ့သည်။

၂၅ ကိုက်အကွာမှ ကွင်းလယ်လူ ဒီမီယမ်၏ ညာခြေဖြင့် ဝှေ့ဝိုက်ကန်သွင်းသောဂိုးဖြင့် ဟူးလ်စီးတီးအသင်း ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရခဲ့ခြင်းဖြစ်သည်။

မက်ဆီ၏ဒဏ်ရာ မည်သည့်အချိန် ပြန်ကောင်းလာမည်မသိဟု ဆရာဝန်ပြော

2378637837

ကိုပါအမေရိက ဖလား မစတင်မီ ရက်ပိုင်းအလို တွင် ဒဏ်ရာရရှိခဲ့သော အာဂျင် တီးနား တိုက်စစ်မှူးမက်ဆီသည် စနေနေ့က နာကျင်မှုများ သက်သာလာပြီ ဖြစ်သော်လည်း ဒဏ်ရာအပြည့်အဝ ပြန်ကောင်းမည့် အချိန်ကို မသိရသေးဟု အာဂျင်တီးနားအသင်းဆရာဝန် ဒန်နီ ယယ်မာတီနက်ဇ်က ပြောကြားသည်။

မြို့ခံပြိုင်ဘက်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလား (၁၁)ကြိမ်မြောက် ရီးရဲလ်ဆွတ်ခူး

13323821_1720711964848354_9179828335255479937_o

ပြိုင်ဘက် အက်သလက် တီကိုအသင်း ချန်ပီယံလိဂ်ဗိုလ်လု ပွဲ စိတ်ပျက်စရာ ရှုံးနိမ့်မှု ထပ်မံ ဖြစ်ပေါ်ခဲ့သောပွဲတွင် တိုက်စစ် မှူး ရော်နယ်ဒိုက ရီးရဲလ်အတွက် အဆုံးအဖြတ် ပင်နယ်တီသွင်းယူ ခဲ့ပြီး (၁၁) ကြိမ်မြောက် ချန်ပီယံ လိဂ်ဖလား ရရှိခဲ့သည်။