စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ဒဏ်ရာရသွားသော ဆွာရက်ဇ် ကိုပါဖလားရာပြည့်လွဲချော်နိုင်

FC-Barcelona-vs-Sevilla

ကိုပါဒယ်ရေး (စပိန်ဘုရင့်ဖလား) ဗိုလ်လုပွဲတွင် ကြွက်သားဒဏ်ရာရရှိခဲ့ပြီး မျက်ရည်လည်ရွဲဖြစ်ကျန်ခဲ့သော ဥရုဂွေးတိုက်စစ်မှူးလူဝစ်ဆွာရက်ဇ်၏ နှစ်ပေါင်း ၁၀၀ပြည့် ကိုပါအမေရိကပြိုင်ပွဲ၌ပါဝင်ရေး မရေမရာဖြစ်သွားသည်။

ဆီဗီလာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲဒုတိယပိုင်းတွင် အနားယူခဲ့ရသည့် ဆွာရက်ဇ်သည် ဆေးစစ်မှု ခံယူပြီးမှာသာ ညာဘက်ခြေထောက်ဒဏ်ရာ မည်မျှပြင်းထန်ကြောင်း သိရ မည်ဖြစ်သည်။

အချိန်ပိုအထိ ကစားပြီး အ နိုင်ရရှိသော ပွဲအပြီး အောင်ပွဲခံ ရာတွင် အခြားအသင်းသားများ နှင့်အတူ အောင်ပွဲခံရာ၌ ပါဝင်ခဲ့ သော်လည်း ဆွာရက်ဇ်သည် ဝေ ဒနာခံစားနေရပုံပေါ်သည်။

‘‘မနက်ဖြန်မှာ ရလဒ်တွေကို စောင့်ရပါမယ်။ လာမယ့်သီတင်း ပတ်မှာ လက်ရွေးစင်အသင်းနဲ့ အတူရှိဖို့ရာ ဘာမှ မဖြစ်ဘူးလို့ မျှော်လင့်ပါတယ်။ အားပေးမှု အတွက် ကျေးဇူးတင်ပါတယ်’’ဟု ဆွာရက်ဇ်က တွစ်တာတွင် အပြုသဘောရေးသားသည်။

နှစ်ပေါင်း ၁၀၀ မြောက် ကို ပါအမေရိကပြိုင်ပွဲကို အမေရိ ကန်နိုင်ငံ၌ ဇွန်လ ၃ ရက်တွင် စတင်မည်ဖြစ်ကာ ဥရုဂွေးအသင်းသည် မက္ကဆီကိုနှင့် ဇွန်လ ၅ ရက် ၌ အဖွင့်ပွဲကစားရမည်ဖြစ်သည်။

ဆွာရက်ဇ်၏ ဒဏ်ရာနှင့် ပတ်သက်၍ ဘာစီလိုနာအသင်း ကလည်း တရားဝင်ကြေညာခြင်း မရှိသေးဘဲ ဒဏ်ရာကို ထပ်မံစစ် ဆေးမည်ဟုသာ ပြောကြားသည်။

ထိုအတောအတွင်း ဘာစီ လိုနာနှင့် စပိန်နောက်တန်းလူ ဂျရတ်ပီကေးက ဘာစီလိုနာသည် ကိုပါဒယ်ရေးဖလားနှင့် ထိုက်တန် ကြောင်းနှင့် အသင်းသားများအား ချီးကျူးလိုက်သည်။

မိနစ် ၉၀အထိ ဂိုးမရှိသရေ ဖြစ်ပြီးနောက် ဂျိုဒီအယ်လ်ဘာ နှင့် နေမာတို့က ဘာကာအတွက် ဂိုးများ သွင်းယူခဲ့ပြီး ယခုဘောလုံးရာသီစတုတ္ထမြောက်ဖလားရ ယူခဲ့သည်။

—Ref:AP/Goal


Leave a Reply