ယူရိုဘောလုံးပြိုင်ပွဲတွင် ပြင်သစ်ရဲတပ်ဖွဲ့ဝင် ခြောက်သောင်းချထားမည်

75378378378

ယူရို ၂၀၁၆ ဥရောပဘော လုံးပြိုင်ပွဲ လုံခြုံရေးအတွက် ရဲ တပ်ဖွဲ့ဝင် ခြောက်သောင်းကျော်  ချထားမည်ဖြစ်ကာ လာမည့်လ တွင် စတင်မည့်ပြိုင်ပွဲအတွင်း အရပ်ဘက်တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် ဖြစ်နိုင်သမျှ အားလုံး လုပ်ဆောင်သွားမည်ဟု ပြင်သစ် နိုင်ငံက ကြုံးဝါးသည်။

စနေနေ့က ကစားသော ပြင်သစ်ဖလားဗိုလ်လုပွဲမတိုင်မီ ယူရိုပြိုင်ပွဲ အဖွင့်ပွဲနှင့် ဗိုလ်လုပွဲကစားမည့် ပါရီမြို့ ပြင်သစ် အမျိုးသားအား ကစားကွင်းတွင် မီးခိုးဗုံးများ ပေါက်ကွဲခဲ့ပြီး ပရိသတ်များအထိတ်တလန့်ဖြစ်ကာ ထွက်ပေါက်များ၌ စုဝေးခဲ့သော အဖြစ်အပျက်ဖြစ်ပေါ်ပြီးနောက် ပြည်ထဲရေးဝန်ကြီး ကာဇီနူဗေး၏ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ပီအက်စ်ဂျီနှင့် မာဆေးဗိုလ် လုပွဲကို စမ်းသပ်မှုအဖြစ် မမှတ်ယူနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။

 ‘‘ပရိသတ်လည်းတူမှာ မဟုတ်ပါဘူး။ ပွဲကျင်းပတဲ့ သူ လည်း တူမှာမဟုတ်ပါဘူး။ လုံခြုံရေးချထားတဲ့ ပုံစံလည်း တူမှာ မဟုတ်ပါဘူး’’ဟု ကာဇီနူဗေးက ပြောသည်။ သို့သော်ယင်းပွဲတွင် ဖြစ်ပျက်ခဲ့သမျှ ထည့်သွင်းစဉ်းစား သွားမည်ဟု ၎င်းက ပြောသည်။

  ‘‘အကြမ်းဖက်တိုက်ခိုက်မှု ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့ အားလုံးလုပ်ဆောင်နေပါတယ်။  တုံ့ပြန်နိုင်ဖို့ ကျွန်တော်တို့ ပြင် ဆင်နေပါတယ်။ ရဲတပ်ဖွဲ့ဝင် ခြောက်သောင်းကို မြေပြင်မှာ ချ ထားပါမယ်’’ဟု ပြင်သစ်ပြည်ထဲ ရေးဝန်ကြီးက ပြောကြားသည်။

၂၀၁၅ နိုဝင်ဘာက ပါရီမြို့ တွင် ဖြစ်ပွားခဲ့သော အိုင်အက်စ် အဖွဲ့၏ တိုက်ခိုက်မှုများ၌ ပြင်သစ်အမျိုးသား အားကစားကွင်း (Sta-de de France) ကို အသေခံ ဗုံးခွဲသူများက ပစ်မှတ်ထားခဲ့ပြီး တိုက်ခိုက်မှုသည် လုံခြုံရေးစည်း ကျော်ဖြတ်၍ အားကစားကွင်းအတွင်းသို့ ၀င်ရောက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

လုံခြုံရေးတင်းကျပ်ထား သော်လည်း ဘောလုံးပြိုင်ပွဲကို တိုက်ခိုက်မည့် ထူးထူးခြားခြား ခြိမ်းခြောက်မှုမရှိဟု ပြည်ထဲရေး ၀န်ကြီးက ပြောသည်။

—Ref:AFP


Leave a Reply