ဂ်ပန္နိုင္ငံရွိ ကုမၸဏီမ်ားတြင္ လုပ္ကိုင္ရန္ ျမန္မာနိုင္ငံမွ လုပ္သား ၉၀၀ ေက်ာ္ေခၚယူမည္

ဂ်ပန္နိုင္ငံရွိ ကုမၸဏီမ်ား ၊စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ လုပ္ကိုင္ရန္အတြက္ ျမန္မာနိုင္ငံမွ လုပ္သား ၉၃၇ ဦးေခၚယူမည္ျဖစ္ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။
ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳ႕အေနျဖင့္ အလုပ္သမားဝန္ႀကီးဌာနက နိုင္ငံျခားေရးဝန္ႀကီးဌာနမွတဆင့္ ေပးပို႔လာသည့္ အလုပ္ကမ္းလွမ္းစာ ( Demand Letter ) မ်ားကို စိစစ္ေဆာင္ရြက္ေပးလ်က္ရွိသည္။
ယင္းသို႔ စိစစ္ေဆာင္ရြက္ရာတြင္ ဂ်ပန္နိုင္ငံရွိ အလုပ္သမားႀကီးၾကပ္ေရးကုမၸဏီႏွင့္ အလုပ္ေခၚယူသည့္ စက္႐ုံ/ ကုမၸဏီ မ်ားသည္ ဂ်ပန္နိုင္ငံတြင္ တရားဝင္ တည္ေထာင္ထားျခင္း ရွိ/ မရွိ စာရြက္စာတမ္း အေထာက္အထားမ်ားစိစစ္ၿပီး စိစစ္ေတြ႕ရွိခ်က္မ်ား၊ သေဘာထားမွတ္ခ်က္မ်ားကို နိုင္ငံျခားေရးဝန္ႀကီးဌာန မွတဆင့္ အလုပ္သမားဝန္ႀကီးဌာနသို႔ ျပန္လည္ေပးပို႔လ်က္ရွိေၾကာင္း သိရသည္။
ေဖေဖာ္ဝါရီလ (၁)ရက္မွ ေဖေဖာ္ဝါရီလ (၁၅)ရက္ အတြင္း စိစစ္ၿပီး နိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ေပးပို႔ျပန္ၾကားခဲ့သည့္ အလုပ္ကမ္းလွမ္းစာသည္ ( ၃၀၂ )ခုရွိေၾကာင္း သိရသည္။

========

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ လုပ်သား ၉၀၀ ကျော်ခေါ်ယူမည်

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ ၊စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ လုပ်သား ၉၃၇ ဦးခေါ်ယူမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီ များသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန မှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁)ရက်မှ ဖေဖော်ဝါရီလ (၁၅)ရက် အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာသည် ( ၃၀၂ )ခုရှိကြောင်း သိရသည်။