သြားေတြ က်န္းမာေစဖိုအတြက္ ေရွာင္သင့္တဲ့ အစား အေသာက္ေတြ

ဇန္နဝါရီ ၈

PAN ရဲ့ က်န္းမာေရးက႑ကေန သြားေတြက်န္းမာေစဖို႔အတြက္ ေရွာင္သင့္တဲ့ အစားအေသာက္ေတြအေၾကာင္းကို ေျပာၿပ သြားမွာ ျဖစ္ပါတယ္။
ေပါင္မုန႔္ဟာ သၾကားဓာတ္ တိုက္ရိုက္မရေပမယ့္ ဝါးလိုက္တဲ့အခါမွာ ခ်က္ျခင္းဆိုသလို သၾကားဓာတ္သို ေျပာင္းလဲသြား တာကို သုေတသနပညာရွင္ေတြ ေဖာ္ထုတ္ထားပါတယ္။
ေပါင္မုန႔္ အပိုင္းအစေတြက သြားၾကားထဲမွာလည္း ညႇပ္နိုင္ေသးလို ပိုလိုေတာင္ ဆိုးေနပါေသးတယ္။ သြားေတြကို က်န္းမာ ခ်င္ရင္ေတာ့ ေပါင္မုန႔္ကိုလည္း ေရွာင္သင့္ပါတယ္။
ဆိုဒါကို ေသာက္တာဟာ သြားေတြကို သၾကားနဲ႔ သြားတိုက္သလို ျဖစ္ေစပါတယ္။ ဆိုဒါကို ေသာက္ျခင္း အားျဖင့္ သၾကား ဓာတ္ေတြကတစ္ဆင့္ သြားေတြထဲမွာ ဘက္တီးရီးယားေတြအတြက္ ေနစရာအိမ္ေဆာက္ေပး ေနတာနဲ႔ အတူတူပါပဲ။
ေရခဲကို ဝါးစားတာကလည္း မေကာင္းသလို ေသာက္တာလည္း မေကာင္းပါဘူး။ သြားနဲ႔ သြားဖုံးေတြကို ဒုကၡအေပးဆုံး နံပတ္(၁)အစားအစာ ျဖစ္ပါတယ္။
အက္ဆစ္ဓာတ္ကဲထားတဲ့ အခ်ဥ္သၾကားလုံးေတြက သြားကိုတိုက္ရိုက္ ဒုကၡေပးနိုင္ပါတယ္။ ေနာက္ၿပီး ေတာ့ ဒီသၾကား လုံးေတြေၾကာင့္ သင့္ရဲ့က်န္းမာေနတဲ့ သြားေတြကိုေတာင္ အခ်ိန္ပိုၿပီး ျမန္ျမန္က်ိဳးသြားေစ နိုင္ပါတယ္။
ဘယ္ရီသီးေတြနဲ႔ မုန္လာဥနီတိုက ဆိုးရြားတဲ့ သြားက်န္းမာေရး ထိခိုက္မႈကို မျဖစ္ေစေပမယ့္ ဒီအသီး ေတြကို စားျခင္းအား ျဖင့္ သင့္ရဲ့ ျဖဴေဖြးေနတဲ့ သြားေတြကို အလြယ္တကူ စြန္းထင္းသြားေစနိုင္ပါတယ္။ သြားတိုက္တာေလာက္နဲ႔ မေပ်ာက္ ေလာက္ေအာင္ သြားေတြရဲ့အေရာင္ကို ေျပာင္းသြားေစနိုင္ပါတယ္။
အရက္မွာ သၾကားဓာတ္ မပါသေလာက္နည္းေပမယ့္ ခံတြင္းကို ေျခာက္ေသြ႕ေစပါတယ္။ ေကာ္ဖီ၊ လက္ဖက္ရည္နဲ႔ စြမ္း အားျဖည့္ အခ်ိဳရည္ေတြလိုပဲ အရက္က ခံတြင္းကို ဒုကၡေပးလို သြားေတြကိုပါ ဒုကၡေပးတာနဲ႔ အတူတူပဲ ျဖစ္ပါတယ္။

============

သွားတွေ ကျန်းမာစေဖိုအတွက် ရှောင်သင့်တဲ့ အစား အသောက်တွေ

ဇန်နဝါရီ ၈

PAN ရဲ့ ကျန်းမာရေးကဏ္ဍကနေ သွားတွေကျန်းမာစေဖို့အတွက် ရှောင်သင့်တဲ့ အစားအသောက်တွေအကြောင်းကို ပြောပြ သွားမှာ ဖြစ်ပါတယ်။
ပေါင်မုန့်ဟာ သကြားဓာတ် တိုက်ရိုက်မရပေမယ့် ဝါးလိုက်တဲ့အခါမှာ ချက်ခြင်းဆိုသလို သကြားဓာတ်သို ပြောင်းလဲသွား တာကို သုတေသနပညာရှင်တွေ ဖော်ထုတ်ထားပါတယ်။
ပေါင်မုန့် အပိုင်းအစတွေက သွားကြားထဲမှာလည်း ညှပ်နိုင်သေးလို ပိုလိုတောင် ဆိုးနေပါသေးတယ်။ သွားတွေကို ကျန်းမာ ချင်ရင်တော့ ပေါင်မုန့်ကိုလည်း ရှောင်သင့်ပါတယ်။
ဆိုဒါကို သောက်တာဟာ သွားတွေကို သကြားနဲ့ သွားတိုက်သလို ဖြစ်စေပါတယ်။ ဆိုဒါကို သောက်ခြင်း အားဖြင့် သကြား ဓာတ်တွေကတစ်ဆင့် သွားတွေထဲမှာ ဘက်တီးရီးယားတွေအတွက် နေစရာအိမ်ဆောက်ပေး နေတာနဲ့ အတူတူပါပဲ။
ရေခဲကို ဝါးစားတာကလည်း မကောင်းသလို သောက်တာလည်း မကောင်းပါဘူး။ သွားနဲ့ သွားဖုံးတွေကို ဒုက္ခအပေးဆုံး နံပတ်(၁)အစားအစာ ဖြစ်ပါတယ်။
အက်ဆစ်ဓာတ်ကဲထားတဲ့ အချဉ်သကြားလုံးတွေက သွားကိုတိုက်ရိုက် ဒုက္ခပေးနိုင်ပါတယ်။ နောက်ပြီး တော့ ဒီသကြား လုံးတွေကြောင့် သင့်ရဲ့ကျန်းမာနေတဲ့ သွားတွေကိုတောင် အချိန်ပိုပြီး မြန်မြန်ကျိုးသွားစေ နိုင်ပါတယ်။
ဘယ်ရီသီးတွေနဲ့ မုန်လာဥနီတိုက ဆိုးရွားတဲ့ သွားကျန်းမာရေး ထိခိုက်မှုကို မဖြစ်စေပေမယ့် ဒီအသီး တွေကို စားခြင်းအား ဖြင့် သင့်ရဲ့ ဖြူဖွေးနေတဲ့ သွားတွေကို အလွယ်တကူ စွန်းထင်းသွားစေနိုင်ပါတယ်။ သွားတိုက်တာလောက်နဲ့ မပျောက် လောက်အောင် သွားတွေရဲ့အရောင်ကို ပြောင်းသွားစေနိုင်ပါတယ်။
အရက်မှာ သကြားဓာတ် မပါသလောက်နည်းပေမယ့် ခံတွင်းကို ခြောက်သွေ့စေပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ စွမ်း အားဖြည့် အချိုရည်တွေလိုပဲ အရက်က ခံတွင်းကို ဒုက္ခပေးလို သွားတွေကိုပါ ဒုက္ခပေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။